By SFJ Strategy First, Shweproperty.com
Updated at 22 September 2016
မြန်မာ-ကိုးရီးယား ချစ်ကြည်ရေး ဆောင်ရွက်သွားမယ့်ဒလ-ရန်ကုန်တံတား တည်ဆောက်ရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေးက ဒလ-ရန်ကုန် တံတားဒီဇိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ JICA တို့ ပူးပေါင်းရေးဆွဲနေတဲ့ ၂၀၄၀ Yangon City Plan နဲ့ဆန့်ကျင်ဘက် ဖြစ်နေပြီး ယာဉ်ကြောကျပ်တည်းမှုများကိုဖြစ်ပေါ်စေခြင်းတို့ကြောင့် ဒလ-ရန်ကုန် တံတားတည်ဆောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးကပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒလ-ရန်ကုန်တံတားစီမံကိန်းအတွက် ကန်ထရိုက်တာရွေးချယ်ပြီးပါက တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပြီး ဒလံတားကို ၂၀၂၀-၂၁နှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားတယ်လို့ ၀န်ကြီးကဆက်လက်ပြောခဲ့ပါတယ်။
JICA ရဲ့ 2040 Yangon Strategic UrbanDevelopment Planအရ ရန်ကုန်မြို့ လက်ရှိအခြေအနေများကို သုံးသပ်ပြီး ဒလ-ရန်ကုန် တံတား စီမံကိန်း အကောင်အထည်ဖော်ရာမှာရန်ကုန်ဘက်ကမ်း လမ်းမတော်၊ ဘုန်းကြီးလမ်းနဲ့ ဒလဘက်ကမ်း၊ ကမကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းက ထိခိုက်မှု အနည်းဆုံးလမ်းကြောင်း ဖြစ်တဲ့အတွက် ရွေးချယ်ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ပါတယ်။
တံတားတည်ဆောက်ရေးကာလအတွင်း ယာဉ်ကြောကြပ်တည်းမှုများ အနည်းဆုံးဖြစ်စေရန်အတွက် Traffic Management ကို စီမံဆောင်ရွက်ေ ပးသွားမယ်လို့ဆိုပါတယ်။
Ref : SFJ Strategy First
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ