By The Voice, Shweproperty.com
Updated at 16 September 2016
ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလ မြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး အတွက် ဆောက်လုပ်မည့် ကုမ္ပဏီကို ရွေးချယ်မည့် အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ငါးနှစ်အတွင်း အပြီးဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"အကြံပေးကုမ္ပဏီကို ရွေးပြီးတာနဲ့ တည်ဆောက်မယ့် ကိုရီးယားကုမ္ပဏီတွေကို တင်ဒါခေါ်မယ်။ ၂၀၁၇ မှာ တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူတဲ့အခါ သေချာစိစစ်ပြီး ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ဆိုသည်။
လေးလမ်းသွား သံမဏိကြိုးဆိုင်း အမျိုးအစား တံတားကို တည်ဆောက်မည်ဖြစ်ပြီး တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေး ဒီဇိုင်းများကို ကိုရီယားနိုင်ငံမှ ပညာရှင်များက ရေးဆွဲ တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရချေးငွေဖြင့် တည်ဆောက်မည့် အဆိုပါ တံတားစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ကိုရီယားနိုင်ငံမှ ချေးမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၂၄ သန်းကို မြန်မာအစိုးရက စိုက်ထုတ် တည်ဆောက်မည်ဖြစ်သည်။
"ရန်ကုန်-ဒလ ဆက်သွယ်တဲ့ တံတားဆောက်ဖို့ ၂၀၁၃ထဲက သတင်းထွက်ပေါ်တော့ ဒလမြေဈေးတွေ တက်သွားတယ်။အခုက ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မယ်ဆိုရင် လှေ၊ သမ္ဗန်စီးပြီး သွားလာစရာ မလိုတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း ဖြောင့်ဖြူးသွားတဲ့ အတွက် ဒေသခံ ပြည်သူတွေအတွက်လည်း အဆင်ပြေမှာပါ"ဟု ဒလမြို့နယ်နေ ကိုမိုးဝေက ဆိုသည်။
Ref & Photo Credit : The Voice
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ