By Myanmar Builders Guide, Shweproperty.com
Updated at 30 May 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်တွင်ပင်လယ်ဆိပ်ကမ်းတည်ဆောက်ပြီး အထူးစီးပွားရေးဇုန် သစ်တစ်ခုအကောင် အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှပြောကြားသည်။ ရန်ကုန်မြို့မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် မေ ၂၀ ရက်ကကျင်းပသောအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များဆဋ္ဌမအကြိမ်မြောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သီလဝါမှ လှိုင်သာယာက ိုကုန်းလမ်းကြောင်းက သယ်မည်ဆိုပါက မိုင် ၄၀ လောက်ရှိသော်လည်း ရေလမ်းကြောင်းကနေသယ်မယ်ဆိုပါက ၂၂ မိုင် လောက်သာရှိပါသည်။
ကုန်စည်စီးဆင်းမှုပိုပြီး မြန်ဆန်စေရန်ပင်လယ်ဆိပ်ကမ်းတည်ဆောက်လို့ရသည့်နေရာများတွင်ဆိပ်ကမ်းများ တည်ဆောက်ပြီး စီးပွားရေးဇုန်များပြုလုပ်မည်ဖြစ်သည်။
လက်ရှိကာလတွင်ဒလမြို့နယ်မှာပင်လယ်ဆိပ်ကမ်းတစ်ခုတည်ဆောက်မှာဖြစ်ပြီး အထူးစီးပွားရေးဇုန်တစ်ခုကို အကောင်အထည်ဖော် မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့တွင် အထူးစီးပွားရေးဇုန်များတည်ဆောက်မည်ဆိုပါကနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်လာမည်ဖြစ်သဖြင့် အထူးစီးပွားရေးဇုန်များပိုမိုတည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်ထောင်စု အက်ဥပဒေနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတိုးတက်လာမည်ဖြစ်ပြီး ဆိပ်ကမ်းများတွင် လည်းကုန် စည်များစွာထုတ်လုပ်နိုင်ရန်လိုအပ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင်အထူးစီးပွားရေး ဇုန်များတည်ဆောက်နို င်မည်ဆိုပါကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကြက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှပြောသည်။
ကုန်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းအများစုတွင်ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းမှာသယ်ယူပို့ဆောင်ရေးစရိတ် ဖြစ်နေခြင်းကြောင့် ထိုကုန် ကျစရိတ်များကို အသက်သာဆုံးလျှော့ချနိုင်မည့်နည်းလမ်းတစ်ခု ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်စည်သင်္ဘောများ ဝင်ရောက်နိုင်မည့် ဆိပ်ကမ်းများကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင်ရန်ကုန်မြို့လယ်ကောင်နှင့် ဒလမြို့နယ်အကြား ဆက်သွယ်ပေးမည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကိုကိုရီးယားအစိုးရ၏ ချေးငွေဖြင့်တည်ဆောက်ရန်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ