By myanmar property, Shweproperty.com
Updated at 2 July 2013
တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောက်လုပ်မည့် ရန်ကုန်-ဒလတံတားစီမံကိန်းကို လာမည့်စက်တင်ဘာလတွင် စတင်ဆောက်လုပ်မည်ဆိုသော ထုတ်ပြန်ကြေညာချက်များနှင့် စီမံကိန်း စတင်သည်နှင့် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေ ဈေးနှုန်းအား မျှော်မှန်း၍ အရောင်းအေးလျက်ရှိကြောင်း အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-ဒလတံတားစီမံကိန်းစတင်သည်နှင့် ဒလမြို့၌ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည် ဖြစ်သည့်အတွက် မြေဈေးများ မြင့်တက်လာနိုင်ကြောင်း ၊၎င်းကို မျှော်မှန်း၍ ဒလမြေဈေးကွက်မှာ အရောင်းအေးနေကြောင်း သိရသည်။
“တံတားစီမံကိန်းက လာမယ့်စက်တင်ဘာမှာ စမယ်ပြောတယ်၊ ဒါပေမဲ့ မိုးတွင်းဆိုတော့ ထင်သလောက်မဖြစ်နိုင်ဘူး၊ ဈေးကတော့ နောက်ပိုင်းတက်လာနိုင်တယ်၊ ဈေးက စွတ်အော်တာ၊ သိန်း ၁၅၀ ကျော်မြေကွက်တွေဆိုရင် အရောင်းမရှိတော့ဘူး၊ ဒလမြေက ရေလည်းရှားတယ်၊ စိုက်ပျိုးသီးနှံဆိုလည်း ဖြစ်ဖြစ် မြောက်မြောက် ဖြစ်ထွန်းတယ်ဆိုတာ မရှိဘူး၊ ဒါကို ပေါက်ဈေးမခေါ်ဘဲ သတင်းနည်းနည်းကြားတာနဲ့ စွတ်ခေါ်တော့ အရောင်းအေးသွားသလို အဝယ်လည်း စဉ်းစားပြီး လက်တွန့်တာပေါ့”ဟု ကံကောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုမင်းခန့်က ပြောသည်။
ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ခြမ်းတွင် တည်ရှိပြီး လာမည့်စက်တင်ဘာလတွင် စတင်မည့်တံတားစီမံကိန်းကြောင့် စီးပွားရေးအချက်အချာကျသော နေရာတစ်ခုဖြစ်လာနိုင် သော်လည်း မြို့တော်စည်ပင် ၊မြို့ပြဖွံ့ဖြိုးရေးနှင့် မြေစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ကြေညာချက်များအရ ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုအချက်အချာနေရာ(Central Business District ,CBD) အဖြစ် မင်းဓမ္မပန်းကွင်း မြေနေရာကို ရွေးချယ်ထားပြီး ဧရိယာအားမြောက်ဘက်သို့ ချဲ့ထွင်ဆောင်ရွက်သွား မည်ဖြစ်သောကြောင့် ဒလ၏မြေအနေအထား အချက်အချာဖြစ်နိုင်မှုမှာ မသေချာကြောင်း မြို့ပြဖွံ့ဖြိုးရေးပညာရှင်များက သုံးသပ်သည်။
လက်ရှိတွင် ဒလ-တွံတေး အဓိက ကားလမ်းမပေါ်၊ ကားလမ်းမေးတင် ပေ ၄၀ x ၆၀ အကွက်တစ်ကွက်လျှင် ကျပ်သန်း နှစ်ထောင်မှ သုံးထောင်ကြား ပေါက်ဈေးရှိပြီး လမ်းမတန်းနှင့် အတွင်းဘက်ကျသော အပိုင်းများတွင် ကျပ်သိန်း ၂၅၀ မှ သုံးရာကြား ပေါက်ဈေးရှိကြောင်း ဒလမြို့နယ် အိမ်ခြံမြေ အကျိုးဆောင်များမှ သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ