By Myanmar Property Journal, Shweproperty.com
Updated at 30 July 2013
ယခုနှစ် မေလနှင့် ဇွန်လတို့မှ စတင်ကာ ဈေးနှုန်းများ မြင့်တက်ကာ အရောင်းအဝယ် သွက်လျက်ရှိသော ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း၌ အကျဘက်သို့ ရောက်ရှိလာပြီး အရောင်းအဝယ် အေးစက်လျက်ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံ မှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်လအတွင်း ရန်ကုန် -ဒလ မြစ်ကူးတံတား စီမံကိန်းဆောင်ရွက်မည်ဆိုသည့် သတင်းများကြောင့် အဆိုပါ မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေဈေး ကွက်များမှာ အတက်ဘက်သို့ ဦးတည်ကာ အရောင်းအဝယ် သွက်ခဲ့ပြီး ယင်းစီမံကိန်း ရပ်တန့်သွားခဲ့သည် ဟူသည့် သတင်းများ ထပ်မံထွက်ပေါ်လာပြီးနောက်ပိုင်းတွင် အရောင်း အဝယ် အေးစက်ခဲ့ရာမှ ဈေးနှုန်းများပါ ပြန်လည် ကျဆင်းလာခဲ့ကြောင်း သိရသည်။
“ရင်းနှီးမြှုပ်နှံတဲ့ သူတွေက သေချာတဲ့ နေရာမှာပဲ လုပ်ချင်ကြတယ်၊ အခုကြားနေတာက ဒီစီမံကိန်းကို ကိုရီးယားဘက်က မလုပ်တော့ဘူး၊ ရပ်တန့်လိုက်တယ်လို့ ကြားတယ်၊ ဒါကြောင့် အရောင်းအဝယ်တွေ အေးသွားတယ်”ဟု ဒလမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကစားလိုသော သူများမှ လာရောက်ဝယ်ယူမှု များပြားခဲ့ပြီး စီမံကိန်းသတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် သိန်းတစ်ရာခန့်သာ ရှိသည့် လယ်မြေများမှာ သိန်းသုံးရာ၊ သိန်းလေးရာမှ သိန်းတစ်ထောင်ခန့်အထိ မြင့်တက်ခဲ့ပြီး နောက်တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းကာ အရောင်းအဝယ် အေးစက်နေခဲ့ကြောင်း သိရသည်။
“အစောပိုင်းတုန်းက သိန်း သုံး၊ လေးရာ ပေါက်နေရာကနေ အခု နှစ် ရာ၊ နှစ်ရာ့ငါးဆယ်လောက်ကို အရောင်းအဝယ်က အေးနေတာ”ဟု ဒလမြို့ခံတစ်ဦးက ဆိုသည်။
လတ်တလော၌ အဆိုပါစီမံကိန်း ရပ်တန့်သွားသည်ဟူသည့် သတင်းများမှာ မှန်ကန်မှုမရှိဘဲ စီမံကိန်းအတွက် လိုအပ်သည့် စစ်ဆေး မှုများ၊ စစ်တမ်းကောက်ယူမှုများ ဆောင်ရွက်ကာ တည်ဆောက်ရန် Project အား ခြောက်လအတွင်း အပြီးအစီး ရေးဆွဲကာ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြရန် မြန်မာမှပညာရှင်များနှင့် ကိုရီးယားမှ ပညာရှင်များ ပူးပေါင်းရေးဆွဲလျက်ရှိကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက် အကျဘက်သို့ ရောက်ရှိကာ ပြန်လည် အေးစက် ရန်ကုန်၊ ဇူလိုင် ၂၇ ယခုနှစ် မေလနှင့် ဇွန်လတို့မှ စတင်ကာ ဈေးနှုန်းများ မြင့်တက်ကာ အရောင်းအဝယ် သွက်လျက်ရှိသော ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း၌ အကျဘက်သို့ ရောက်ရှိလာပြီး အရောင်းအဝယ် အေးစက်လျက်ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံ မှ စုံစမ်းသိရှိရသည်။
“ရင်းနှီးမြှုပ်နှံတဲ့ သူတွေက သေချာတဲ့ နေရာမှာပဲ လုပ်ချင်ကြတယ်၊ အခုကြားနေတာက ဒီစီမံကိန်းကို ကိုရီးယားဘက်က မလုပ်တော့ဘူး၊ ရပ်တန့်လိုက်တယ်လို့ ကြားတယ်၊ ဒါကြောင့် အရောင်းအဝယ်တွေ အေးသွားတယ်”ဟု ဒလမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။ ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကစားလိုသော သူများမှ လာရောက်ဝယ်ယူမှု များပြားခဲ့ပြီး စီမံကိန်းသတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် သိန်းတစ်ရာခန့်သာ ရှိသည့် လယ်မြေများမှာ သိန်းသုံးရာ၊ သိန်းလေးရာမှ သိန်းတစ်ထောင်ခန့်အထိ မြင့်တက်ခဲ့ပြီး နောက်တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းကာ အရောင်းအဝယ် အေးစက်နေခဲ့ကြောင်း သိရသည်။ “အစောပိုင်းတုန်းက သိန်း သုံး၊ လေးရာ ပေါက်နေရာကနေ အခု နှစ် ရာ၊ နှစ်ရာ့ငါးဆယ်လောက်ကို အရောင်းအဝယ်က အေးနေတာ”ဟု ဒလမြို့ခံတစ်ဦးက ဆိုသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ