By Myanmar Builders Guide, Shweproperty.com
Updated at 10 July 2019
ကိုရီးယား KB ဘဏ်သည် ကိုရီးယားအစိုးရက အကောင်အထည်ဖော်မည့် ညောင်နှစ်ပင် ကိုရီးယား-မြန်မာစက်မှုမြို့တော် စီမံကိန်းနှင့် ဒလမြို့ သစ်စီမံကိန်းတွင် အိမ်ရာနှင့်အခြေခံအဆောက်အအုံလုပ်ငန်းများ အတွက် ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့ရန် မြန်မာအစိုးရနှင့်သဘောတူညီမှုရှိထားသည်ဟု ပြောသည်။
မြန်မာအစိုးရ၏ အိမ်ရာဘဏ္ဍာရေး မူဝါဒများ အောင်မြင်စွာချမှတ်နိုင်ရေးအတွက် အင်တိုက်အားတိုက် ကူညီသွားဖို့ ရှိကြောင်း ကိုရီးယား KB ဘဏ်ကထုတ်ပြန်ထားသည်။
ကိုရီးယားဘဏ် KB သည် ပြည်တွင်းရှိ တန်ဖိုးနည်းအိမ်ရာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး၊ အိမ်ရာဆောက်လုပ်ရေး မူဝါဒနှင့် မြန်မာ့အိမ်ရာ ဘဏ္ဍာရေးဈေးကွက် ပေါ်ပေါက်လာရန် KB ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ၂၀၁၇ ဖေဖော်ဝါရီက နားလည်မှုစာချွန်လွှာရေး ထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းဘဏ်အနေနှင့်အသေးစားချေးငွေလုပ်ငန်းကို ဖွင့်လှစ်ပြီး ချေးငွေလုပ်ငန်းများ ဆောင်ရွက်နေသည်။
၎င်းဘဏ်အနေနှင့်ကိုရီးယားနိုင်ငံ တွင် KB ဘဏ်ကတ်၊ အသက်အာမခံလုပ်ငန်း၊ ငွေကြေးလုပ်ငန်းများတွင် နာမည်ကျော်ပြီး အိမ်ရာနှင့် စီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေသည့် ဘဏ်ဖြစ်သည်။
၂၀၁၉ ဖေဖော်ဝါရီ ၂၇ ရက်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနှင့်ညောင်နှစ်ပင်စခန်းကို ကိုရီးယား-မြန်မာ စက်မှုမြို့တော် (KMIC) ထူထောင်ရေး စတင်ရန် ခွင့်ပြုခဲ့ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ