By Kamayut Media, Shweproperty.com
Updated at 5 June 2015
ရန်ကုန်-ဒလ တံတားဆောက်မယ့် စီမံကိန်းအတွက် ကိုရီးယားနိုင်ငံက ငွေချေးဖို့ လွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက် ဒလရဲ့အိမ်ခြံမြေဈေးကွက် အခြေအနေဟာ ဝယ်လက်တွေများနေပြီး အိမ်ခြံမြေအကျိုးဆောင်နဲ့ လမ်းလျှောက်ပွဲစားတွေ မြေကွက်ရဖို့ ခက်ခက်ခဲခဲ ရှာနေရပါတယ်။ ကျူးကျော်ပြဿနာတွေပါရှိနေတဲ့ ဒလဘက်က အိမ်ခြံမြေဈေးကွက် ဘယ်လိုဆက်ဖြစ်မှာလဲ။
အရင်ကတော့ ဒလဘက်မှာ သောက်သုံးရေရှားပါးလို့ စိတ်ဝင်စားတဲ့သူ နည်းပေမယ့် ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်ဒလစီမံကိန်းအသံတွေထွက်လာပြီးတဲ့နောက် အိမ်ခြံမြေဈေးကစားသူတွေရဲ့ မျက်စိကျစရာ ဖြစ်လာတယ်လို့ Yangon City အိမ်ခြံမြေအကျိုးဆောင် ဦးသန်းထွန်းကပြောပါတယ်။
တံတားဆောက်မယ်ဆိုတဲ့ စီမံကိန်းက ရပ်ဆိုင်းလိုက် ပြန်လှုပ်လာလိုက် ဖြစ်နေပေမယ့် မေလနောက်ဆုံးအပတ်က ပြည်သူ့လွှတ်တော်မှာ တံတားတည်ဆောက်ဖို့ ချေးငွေအတည်ပြုပြီးတဲ့နောက်မှာတော့ ဒလဘက်က အိမ်ခြံမြေဈေးတွေလည်း တရှိန်ထိုးပြန်တက်လာတယ်လို့ ရှင်းပြပါတယ်။ လက်ရှိအရောင်းဝယ်အဖြစ်အများဆုံးတွေကတော့ တံတားခြေဆင်းမယ့်အပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ ကျန်စစ်သား၊ ရာဇသင်္ကြန်နဲ့ ညောင်ကုန်းရပ်ကွက်တွေဖြစ်ပြီး ကျန်စစ်သားရပ်ကွက် လမ်းမဘေး မြေကွက်တွေဟာ ခေါ်ဈေး ကျပ်သိန်းသုံးထောင် ရှိနေပါတယ်။ ဒလမြို့နယ်မှာ ရပ်ကွက် ၂၃ ခုရှိပြီး လက်ရှိ မြို့ပေါ်မှာ နေထိုင်တဲ့သူတွေက ဈေးကောင်းရလို့ အိမ်တွေရောင်းပြီး ပါမစ်မရှိ၊ ဂရမ်မရှိတဲ့ရပ်ကွက်တွေကို ပြောင်းနေကြတယ်လို့ ဦးသန်းထွန်းကပြောပါတယ်။ ပါမစ်မြေနဲ့ဂရမ်မြေမှာတော့ ဂရမ်မြေကတော့ခိုင်ပေမယ့် အမည်ပြောင်းရင် ရုံးကိစ္စအလုပ်ရှုပ်တာတွေ အခွန်ရှောင်ချင်တာတွေကြောင့် လုပ်ရကိုင်ရလွယ်တဲ့ ပါမစ်မြေက ဈေးပိုကောင်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြေကွက်တွေဝယ်ယူပြီး ပစ်ထားကြတော့ ကျူးကျော်နေထိုင်သူတွေရှိနေပြီး အရောင်းအဝယ်တစ်ခုဖြစ်တိုင်း ကျူးကျော်ရှင်းရတာပြဿနာတစ်ခုလို့ ပြောပြပါတယ်။ Ref : Kamayut Media Posted By : Wai Phyoe Aung
တံတားဆောက်မယ်ဆိုတဲ့ စီမံကိန်းက ရပ်ဆိုင်းလိုက် ပြန်လှုပ်လာလိုက် ဖြစ်နေပေမယ့် မေလနောက်ဆုံးအပတ်က ပြည်သူ့လွှတ်တော်မှာ တံတားတည်ဆောက်ဖို့ ချေးငွေအတည်ပြုပြီးတဲ့နောက်မှာတော့ ဒလဘက်က အိမ်ခြံမြေဈေးတွေလည်း တရှိန်ထိုးပြန်တက်လာတယ်လို့ ရှင်းပြပါတယ်။
လက်ရှိအရောင်းဝယ်အဖြစ်အများဆုံးတွေကတော့ တံတားခြေဆင်းမယ့်အပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ ကျန်စစ်သား၊ ရာဇသင်္ကြန်နဲ့ ညောင်ကုန်းရပ်ကွက်တွေဖြစ်ပြီး ကျန်စစ်သားရပ်ကွက် လမ်းမဘေး မြေကွက်တွေဟာ ခေါ်ဈေး ကျပ်သိန်းသုံးထောင် ရှိနေပါတယ်။
ဒလမြို့နယ်မှာ ရပ်ကွက် ၂၃ ခုရှိပြီး လက်ရှိ မြို့ပေါ်မှာ နေထိုင်တဲ့သူတွေက ဈေးကောင်းရလို့ အိမ်တွေရောင်းပြီး ပါမစ်မရှိ၊ ဂရမ်မရှိတဲ့ရပ်ကွက်တွေကို ပြောင်းနေကြတယ်လို့ ဦးသန်းထွန်းကပြောပါတယ်။
ပါမစ်မြေနဲ့ဂရမ်မြေမှာတော့ ဂရမ်မြေကတော့ခိုင်ပေမယ့် အမည်ပြောင်းရင် ရုံးကိစ္စအလုပ်ရှုပ်တာတွေ အခွန်ရှောင်ချင်တာတွေကြောင့် လုပ်ရကိုင်ရလွယ်တဲ့ ပါမစ်မြေက ဈေးပိုကောင်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြေကွက်တွေဝယ်ယူပြီး ပစ်ထားကြတော့ ကျူးကျော်နေထိုင်သူတွေရှိနေပြီး အရောင်းအဝယ်တစ်ခုဖြစ်တိုင်း ကျူးကျော်ရှင်းရတာပြဿနာတစ်ခုလို့ ပြောပြပါတယ်။
Ref : Kamayut Media
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ