By 7daydaily, Shweproperty.com
Updated at 26 May 2015
ဒလမြစ်ကူးတံတားတည်ဆောက်ရန် အစိုးရကလွှတ်တော်သို့ တင်ပြဆွေးနွေးပြီးရက်ပိုင်းအတွင်း ဒလမြို့ရှိမြေကွက်များကို အိမ်ခြံမြေရောင်းဝယ်သူများနှင့် ပွဲစားအများစုက စိတ်ဝင်တစား လာရောက်လေ့လာ နေကြောင်း သတင်းရရှိသည်။ ရန်ကုန် - ဒလ မြစ်ကူးတံ တားကို တောင်ကိုရီးယားမှ ချေး ငွေယူပြီး အမေရိကန်ဒေါ်လာ ၁၆၈ သန်း အကုန်အကျခံကာ ငါး နှစ်အတွင်း တည်ဆောက်ရန် အ စိုးရက လွှတ်တော်သို့ မေလ ၂၁ ရက်က ခွင့်ပြုရန်တင်ပြခဲ့သည်။ လွှတ်တော်က အတည်မပြုသေးမီ မြေဝယ်သူများ၊ ပွဲစားများ ဒလမြို့သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ အဆိုပါတံတားကို ကိုရီး ယား-မြန်မာချစ်ကြည်ရေးအဖြစ် ၂၀၁၃ ကတည်းက တည်ဆောက် မည်ဟုဆိုခဲ့သော်လည်းကိုရီးယား နိုင်ငံမှ ချေးငွေအလုံအလောက် မချထားပေးနိုင်ခြင်းနှင့် ဒလရှိမြေ ဈေးများတစ်ရှိန်ထိုးမြင့်တက်သွား ခြင်းတို့ကြောင့် ၂၀၁၄နှစ်လယ်ခန့် တွင် စီမံကိန်းရပ်ဆိုင်းခဲ့သည်။ ထို့နောက် ယခုအခါ တံတားတည် ဆောက်ရန် တောင်ကိုရီးယား နိုင်ငံမှ ချေးငွေရယူနိုင်ရေး လွှတ် တော်သို့တင်ပြခဲ့ပြီးနောက် အိမ်ခြံ မြေဈေးကစားချင်သူများနှင့် မြေ ကွက် ကြိုတင်ဝယ်ယူလိုသူများ ဖြင့် ပြည့်နှက်နေသည်ဟု ဒလမြို့ ဘုရင့်နောင်ရပ်ကွက်မှ ရပ်မိရပ် ဖဦးလှမြင့်ဝေကပြောကြားသည်။ ‘‘ပထမအကြိမ်တုန်းကလို လှုပ်လှုပ်ရှားရှားမလာကြတော့ ဘူး။ တိုးတိုးတိတ်တိတ်ပဲ အိမ်ပိုင် ရှင်တွေ၊ လယ်ကွက်ပိုင်ရှင်တွေနဲ့ လိုက်ညှိတယ်။ အေးအေးဆေး ဆေးပဲ လှုပ်ရှားကြတယ်။ ဝယ်တဲ့ လူတွေကလည်း တရုတ်တွေများ တယ်’’ဟု ၎င်းကပြောကြားသည်။ မေလ ၂၄ ရက်တွင် ရန်ကုန်မြို့ထဲ မှ ဒလဘက်သို့ မြေကွက်လာ ရောက်ကြည့်ရှုနေသူများကိုလည်း တွေ့ရသည်။ မြေကွက်ဝယ်ယူရာတွင်အိမ် ခြံမြေပွဲစားများနှင့် ဝယ်ယူခြင်း ထက် ပိုင်ရှင်ဖြင့်တိုက်ရိုက်ဝယ်ယူ ခြင်းများကို ပိုမိုပြုလုပ်လာကြ ကြောင်း ဒလမြို့မှ အိမ်ခြံမြေပွဲစား ကိုကျော်လေးကပြောသည်။ ‘‘အ ခုမြေဝယ်သူတွေက စနေ၊ တနင်္ဂ နွေနေ့မှာဆိုရင် တော်တော်များ များလာကြတယ်။ ကားတစ်စီးကို လူစီးပြီး နောက်တစ်စီး မှာငွေတင် ပြီး သူတို့လိုချင်တဲ့အကွက်ကို လိုက်ဝယ်။ တချို့က မြေဈေးက စားဖို့ရှိသလို စီးပွားရေးတစ်ခုခု လုပ်ဖို့ ဝယ်ထားတာရှိတယ်’’ဟု ၎င်းကပြောကြားသည်။ ထို့အပြင် စိတ်ဝင်စားသူများ လာသည်နှင့်အမျှ မြေခေါ်ဈေး များလည်း တက်သွားပြီး တချို့မြေနေရာများတွင် ပေ ၄၀ x ၆၀ တစ်ကွက်လျှင် ကျပ်သိန်းသုံးထောင်အထိ ခေါ်ဈေးများရှိကြောင်းနှင့် တံတားတည်ဆောက်မည့် လမ်းပေါ်ရှိ နာရီစင်မှ နှစ်မိုင်အတွင်းလယ်မြေကွက်များ အရောင်းအဝယ်ဖြစ်သွားကြောင်း ဒလမြို့ခံများက ပြောကြားသည်။ ‘‘တချို့ဝယ်မယ့်သူတွေက တံတားဆောက်မှာမသေချာသေး ဘူးပြောပြီး ဈေးကိုလျှော့ခိုင်းတယ်။ ပေ ၄၀ x ၆၀ အကွက် အပြည့်ဆိုရင် ဈေးပိုရတယ်။ လမ်းမအရှည်တွေပေါ်မှာရှိတဲ့ မြေကွက်တွေဆို ဈေးပိုရတယ်’’ဟုဒလမြို့ကျန်စစ်သားရပ်ကွက် မှအိမ်ရောင်းမည့်သူတစ်ဦးက ပြောကြားသည်။ သုသာန်မြေ အနီးရှိ လယ် ကွက်ကျယ်အများစုကိုမူ စက်ရုံ တည်ဆောက်ရန် ၂၀၁၄ က တည်းကပင် မြေနေရာလာဝယ်ယူ ကြပြီး တစ်ဧကလျှင် သိန်းထောင် ကျော်ဈေးပေါက်ကြသည်ဟုဒလ မြို့သုသာန်မှ သုသာန်မှူးဦးမြ အောင်ကပြောသည်။ ‘‘မြေဝယ် တဲ့လူတွေကလည်း ဘယ်လောက် တောင်လဲဆို သုသာန်မြေ တောင် ရောင်းမလားဆိုပြီး လာဝယ်ကြတယ်။ ဒါတောင် အဲဒီသုသာန်ဘေးနားက ဧက (၈၀) လောက်ကလည်း ရောင်းပြီးသွားပြီ’’ဟု ၎င်းကဆိုသည်။ အိမ်ခြံမြေဈေးများ လှုပ်ရှား မှုကို နည်းလမ်းတစ်ခုဖြင့် ထိန်း ချုပ်ရမည်ဖြစ်ပြီး ရန်ကုန်မြစ်ကို ဖြတ်၍ ရေကြောင်းခရီးသွားလာ နေသူမှာ နေ့စဉ် လူဦးရေ သုံး သောင်းခန့်ရှိ၍ တံတားအမြန်ဆုံး တည်ဆောက်နိုင်ရန်လိုအပ် ကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး ရေကြောင်းမှူးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။ ‘‘အရင် စီမံကိန်းတုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက် သွားပေမယ့် ဒီတံတားကတကယ် တည်ဆောက်ဖို့ လိုအပ်တဲ့အရာ ပါ’’ဟု ၎င်းကဆိုသည်။ တံတားတည်ဆောက်မည် ဟု တင်ပြထားသည့် ကမာကဆစ် ကျောက်တိုင်လမ်းမဘေးရှိ မြေ ကွက်များမှာ လက်ရှိအချိန်တွင် ပေါက်ဈေး ကျပ်သိန်းတစ်ထောင် ကျော်ရှိနေသည်။ လမ်းမကြီး နောက်တွင်ရှိသည့် မြေကွက်အ များစုမှာလည်း ဈေးတက်လာကြ ပြီး လမ်းမကြီးမှမြေဈေးနှင့် ထက် ဝက်ခန့်သာ ကွာသည်ဟု အိမ်ခြံ မြေပွဲစားများကပြောသည်။ Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ