By Myanmar Builders Guide, Shweproperty.com
Updated at 22 March 2019
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမြင့်တက်နေမှုသည် ငွေကြေးဖောင်းပွမှုနှင့်သက်ဆိုင်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှညို၏ ပြောဆိုချက်အရ သိရသည်။
ဒလမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမြင့်တက်နေခြင်းသည် ရန်ကုန်-ဒလ တံတားစီမံကိန်းကြောင့်ဟု သတင်းများထွက်ပေါ်နေသော်လည်း အမှန်တကယ်မှာ တံတားစီမံကိန်းနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိဘဲ ငွေကြေးဖောင်းပွမှုကြောင့်သာဖြစ်ကြောင်း သိရသည်။ အဆိုပါငွေကြေးဖောင်းပွမှု သည် ငွေဖြူ၊ ငွေမည်းပြဿနာများကြောင့်ဖြစ်ပြီး အိမ်ခြံမြေများအား အရှုံးအမြတ်မတွက်ချက်ဘဲ ဝယ်ယူကြခြင်းကြောင့်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဈေးနှုန်းမာကည့်ဘဲ ကြိုက်ဈေးပေးဝယ်ယူာကသူများနှင့် မြေကွက်ပိုင်ရှင်များ၏ ဈေးခေါ်ယူမှုများပြားသည့်အတွက် ဒလမြို့နယ်အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။
"လာဝယ်တဲ့သူတွေကလည်း မြေကွက်ပဲလိုချင်တာ၊ ဈေးနှုန်းကိုမကြည့်ဘူး။ ဒါမျိုးတွေကျတော့ ဈေးကွက်ကိုထိခိုက်ပါတယ်။ တံတားစီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်းက ဒီလောက်ထိ ထိုးတက်သွားတာမျိုးမဟုတ်ဘူး။ ကျွန်တော်ပြောသလိုပဲ ငွေကြေးဖောင်းပွမှုတာတွေကြောင့်ပေါ့။ အမှန်တကယ်နေထိုင်လိုသူတွေအတွက်တော့ ဒီလောက်ဈေးကြီးကြီးပေးပြီး ဘယ်သူမှ ဝယ်မနေကြဘူး။ မြို့လယ်က တိုက်ခန်းတွေထက်ဈေးမြင့်နေတာကြောင့်ပါ" ဟု ဦးသိန်းလှညိုက ပြောသည်။
ဒလမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေသော်လည်း လက်ရှိဈေးနှုန်းထက် ဆက်လက်မမြင့်တက်နိုင်ကြောင်း သိရသည်။ ဒလမြို့နယ်၌ တံတားစီမံကိန်းအပါအဝင် မြို့သစ်စီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် ဝယ်ယူမှုထက် ဈေးနှုန်းစုံစမ်းမှုများကြောင့်လည်း အပြိုင်အ ဆိုင်ဈေးခေါ်ဆုမှုများလာကြောင်း၊ လက်ရှိတွင် လမ်းမကြီးအပိုင်းရှိ ပေ ၄၀ x ၆၀ မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၆,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရှိနေပြီး အတွင်းပိုင်းမြေကွက်များသည် ပေ ၂၀ x ၆၀၊ ပေ ၂၅ x ၅၀ သာရှိကာ တစ်ကွက်လျှင် ငွေကျပ်သိန်း ၃၅၀ အထိဈေးခေါ်ဆိုမှုများရှိကြောင်း၊ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုသည် ဆက်လက်မြင့်တက်နေပြီး လက်ရှိတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်းအထိ မြင့်တက်မှုရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ