By The Modern, Shweproperty.com
Updated at 26 June 2015
ဒလဘက်က အိမ်ခြံမြေ ဈေးနှုန်းတွေက ပုံမှန်မဟုတ်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် စဉ်းစားသင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ဆီက သိရပါတယ်။
"ဒလရဲ့အိမ်ခြံမြေဈေးကွက်က ပုံမှန်ဈေးနှုန်းဆိုရင်တော့ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးနေရာပါ၊ လက်ရှိမှာ အဆမတန်မြင့်လွန်းနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုမှန်ပါ့မလားဆိုတာ စဉ်းစားဖို့လိုတယ်"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက အတွင်းရေးမှုး ဒေါ်မို့မို့အောင်က ပြောပါတယ်။
(၂၀၁၃) ခုနှစ်ကတည်းက ဒလတံတားစီမံကိန်းလုပ်မယ်ဆိုတဲ့အသံ တွေကြောင့် ရင်းနှီးမြှုပ်နှံသူတစ်ချို့နဲ့ မြေဈေးကစားသူ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် မြေဈေးတွေ အဆမတန်မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် (၂၀၁၄) မှာ စီမံကိန်းရပ်ဆိုင်းတယ်ဆိုတာကြောင့် ရင်းနှီးမြှုပ်နှံသူတစ်ချို့ အမြင့်ဈေးနဲ့ ရောင်းမထွက်တာတွေ ရှိခဲ့ပြီး ဈေးလျှော့ပြီး ပြန်ရောင်းကြပါတယ်။
လက်ရှိမှာတော့ အိမ်ခြံမြေဈေးကွက်က အငှားရော၊ အရောင်းပါ အေးနေပေမယ့် ဒလမြစ်ကူးတံတား စီမံကိန်းကြောင့် ဒလမြေဈေးတွေက (၂၅ ပေ × ပေ ၅၀) မြေကွက်ကို ကျပ်သိန်း (၃၀၀) ကနေ ကျပ်သိန်း (၁၀၀၀) အထိ နေရာပေါ်မှာ မူတည်ပြီး ရှိပါတယ်။
" အခုက ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေက မတည်ငြိမ်တာတွေရှိလို့ အိမ်ခြံမြေဘက်ကို လှည့်လာကြတယ်၊ ဒါကြောင့်ဒလဘက်ကိုလည်း ရင်းနှီးမြှုပ်နှံဖို့ လှည့်ကြတယ်၊ ဒါကြောင့် တံတားဆောက်မယ့်နားက မြေကွက်တွေ အကွက်အလွတ်ရှိသလောက် အရောင်းအဝယ်ဖြစ်ကုန်တယ်"လို့ အာရှမြေယာ အိမ်ခြံမြေအကျိုးဆောင်က ကိုပိုင်မြင့်က ပြောပါတယ်။
ဒါ့အပြင် ဒလမြေဈေးကွက်မှာ မြေကွက်တွေသာမက လယ်ကွက်တွေရဲ့ ထောင့်ကွက်တွေပါ အဝယ်လိုက်တာကြောင့် လယ်သမားတွေက ထောင့်ကွက်တွေရောင်းချပြီး အလယ်ပိုင်းကို ပြောင်းလဲဝယ်ကြတာလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ထောင့်ကွက်ရောင်းတဲ့ မြေဈေးနဲ့ အလယ်မြေဈေးတွေ တူတာကြောင့် အမြတ်မကျန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒလမြို့က နွေရာသီရေ အခက်အခဲရှိသလို ပိုင်ဆိုင်မှုအနေနဲ့လည်း ပါမစ်၊ ဂရန်တွေရှိပေမယ့် ပိုင်ရှင်သေချာစိစစ်ဖို့ လိုတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ