By Democracy Today, Shweproperty.com
Updated at 6 September 2017
ဒလ တံတားစီမံကိန်းကြောင့် ဒလမြို့ပြင်တစ်ဝိုက်ရှိ ရွာမြေများအရောင်း အဝယ်ဖြစ်နေကြောင်း ဒလအိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းအသိုင်းအဝိုင်းမှသိရသည်။
လက်ရှိတွင် ယင်းတံတားတည် ဆောက်ရေးအတွက် လျော်ကြေး ငွေပေးအပ်မှုများရှိနေပြီး တံတားပြီးပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာနိုင်မည်ဖြစ်သည့်အတွက် နှစ်အနည်းငယ်ကြာအေး နေခဲ့သည့် ဒလအိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာခြင်းဖြစ်ကြောင်း ဒလအိမ်ခြံမြေမှ အကျိုးဆောင်တစ်ဦးက ပြောသည်။
''အရင်က ဒီလိုချိန်ဆိုအိမ်ခြံ မြေနဲ့ပတ်သက်ပြီး ထိုင်နေကြရတာ။ ခုတော့အလုပ်ဖြစ်နေတယ်။ ဒလ မြို့ပေါ်ရပ်ကွက်ထက် ရွာမြေတွေက အရောင်းအဝယ်ပိုဖြစ်တယ်။ ဈေးကတော့တက်တာပေါ့။ ရွာမြေတွေကို ဝန်ထမ်းမိသားစုတွေ၊ တစ်နိုင်တစ်ပိုင်ဝယ်ပြီး လှောင်ထားတဲ့သူ အချို့ကလည်း ဝယ်နေကြတာများ ပါတယ်''ဟု မြို့ခံတစ်ဦးကပြောသည်။
ဒလမြို့ပေါ်ရပ်ကွက်များရှိ ပါမစ်နှင့်ဂရန်ပါရှိသော အိမ်ခြံမြေများထက် ဒလမြို့စွန်ပတ်ဝန်းကျင်ရှိ ရွာမြေများအရောင်းအဝယ်ဖြစ်နေ ခြင်းဖြစ်နေပြီး ဒလမြို့နယ်ရှိ လမ်းမတန်း အိမ်ခြံမြေဈေးနှုန်းများသည် သိန်း ထောင်ချီဈေးမြင့်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
''ဒလမြို့နယ်ထဲက ရပ်ကွက် တွေကတော့ ရေကတော့ အဝီစိတွင်းကနေ မော်တာနဲ့စုပ်ယူကြတယ်။ထမင်းတော့ ချက်မရဘူး။ ရေချိုး အဝတ်လျှော် ပန်းကန်ဆေးအကုန်ရတယ်။ ရွာဘက်တွေကတော့ ရေကန်တွေရှိတယ်။ တံတားပြီးသွားမယ်ဆိုရင်တော့ လမ်းပန်းဆက်သွယ် ရေးကောင်းသွားမှာပေါ့။
ဈေးကွက် စီးပွားရေးအရ အိမ်ဈေးတွေလည်း မြင့်လာမှာပဲ။ ထိန်းထားလို့မှမရတာ''ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်သုံးနှစ်ဝန်းကျင်ခန့်က ဒလမြို့ပေါ်ရပ်ကွက်များရှိဂရန်၊ ပါမစ်မြေများ၏ဈေးနှုန်းသည် ကျပ်သိန်း၃ဝဝမှ ၃၅ဝအကြားတွင်သာရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၄ဝဝ မှ၅ဝဝအကြားတွင်ရှိနေပြီး လမ်းမတန်းများပေါ် ယခင်ကကျပ် သိန်း ၇ဝဝခန့်သာရှိခဲ့ရာ ယခုအခါ ကျပ်သိန်း၁ဝဝဝမှ ၁၂ဝဝခန့်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရသည်။
ဒလမြို့နယ် အစွန်အဖျားရွာ မြေများသည်လည်း ယခင်ကျပ်သိန်း ၅ဝမှ၆ဝအကြားတွင်သာရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း၁၅ဝမှ ၃ဝဝခန့်ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
Ref & Photo Credit : Democracy Today
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ