By Myanmar Property Journal, Shweproperty.com
Updated at 22 August 2013
ဒလ(ကိုရီးယား-မြန်မာချစ်ကြည်ရေး) တံတားတည်ဆောက်ရန်အတွက် တိုင်းတာစစ်ဆေးရေးစစ်တမ်းများကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းအဆိုပါတံတားစီမံကိန်းမှစုံစမ်းသိရှိရသည်။
ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အားဆက်စပ်တည် ဆောက်မည့် မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှ တာဝန်ယူတည်ဆောက်ပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် ဒုတိယအကြိမ်တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။
“တံတားစီမံကိန်းပျက်တယ်ဆိုပြီး ကောလာဟလအသံတွေတော့ ကြားနေရတယ်၊တကယ်လုပ်ဖြစ်တယ်၊ မလုပ်ဖြစ်ဘူးဆိုတဲ့အကြောင်းကိုတော့ တံတားစီမံကိန်းအဖွဲ့တွေက ကျွန်တော်တို့ဆီကို အကြောင်းကြားပေးမယ်ဆိုပြီး ပြောသွားတယ်၊မလုပ်ဖြစ်ရင်တော့အကြောင်း ကြားမှာပါ၊ အခုအချိန်အထိ တော့ဘာမှအကြောင်းမကြားသေးဘူး၊ ၁၀လပိုင်းမှာ သူတို့ Project ကိုအပြီးတင်ရမှာ၊၁၀လပိုင်း ရောက်ရင်တော့ အဖြေက ပိုတိတိကျကျ ပြောပေးနိုင်မှာပါ” ဟု ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဒလ(ကိုရီးယား-မြန်မာချစ်ကြည်ရေး)တံတားစီမံကိန်းတည် ဆောက်ရန်အတွက် ၂၀၁၃ခုနှစ်၊ ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ဘက်တွင် ဘုန်းကြီးလမ်းနှင့် ဒလဘက်အခြမ်းတွင် ဗိုလ်မင်းရောင်လမ်းတို့ကို ချိတ်ဆက်တည်ဆောက်ရန်အတွက် အဓိကလျာထားကြောင်းသိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ