By Democracy Daily, Shweproperty.com
Updated at 26 June 2015
ဒေါပုံမြို့နယ်အ တွင်း တိုက်ခန်းအရောင်းအဝယ်အေး စက်လျက် ဈေးနှုန်းလျော့ကျလာ ကြောင်း ဒေါပုံမြို့နယ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။ဒေါပုံမြို့နယ်အတွင်း ကန်ထ ရိုက်ပေးကာ တိုက်ခန်းများ တည် ဆောက်မှု များပြားလာသော်လည်းတိုက်ခန်းအရောင်းအဝယ်မှာ အေးစက် လျက် ဈေးနှုန်းလျှော့ရောင်းချ ရခြင်းများရှိကြောင်း ဒေါပုံမြို့နယ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် များထံမှ သိရသည်။
မသန်းသန်းလွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ မငယ်က ”တိုက်ခန်း အရောင်းအဝယ် တော်တော်နည်း သွားတယ်။ ကြိုပွိုင့်ရောင်းထားတဲ့ သူတွေပဲရှိတယ်။ တိုက်ခန်းတွေများ ပေမယ့် ဝယ်တဲ့သူနည်းနေတာ ကြောင့် အရင်က ငွေကျပ် သိန်း ၃၅၀ တိုက်ခန်းတွေက အခုငွေကျပ်သိန်း၂၈၀၊၂၅၀ ပြုတ်ကျရောင်းချ ရတာတွေ ရှိတယ်”ဟု ပြောသည်။
လက်ရှိဒေါပုံမြို့နယ် တိုက်ခန်း ဈေးနှုန်းများမှာ မြေညီထပ်သည် အနိမ့်ဆုံး ငွေကျပ် သိန်း ၃၅၀ မှ အမြင့်ဆုံး ငွေကျပ် သိန်း ၄၅၀ ထိ ရှိပြီး တစ်ထပ်လျှင် ငွေကျပ် သိန်း ၅၀ ကွာခြားလျက်ရှိကြောင်း သိရသည်။
မငယ်က ”တိုက်ခန်းဈေးတွေမှာ လမ်းမနဲ့ နီးတဲ့နေရာက ဈေးပို ကောင်းတယ်။ အရင်နှစ်ကတည်းက အိမ်တွေကို ကန်ထရိုက်ပေးပြီး တိုက် ခန်းတွေ ဆောက်လုပ် လာကြတာ များပေမယ့် ဖေဖော်ဝါရီလ နောက်ပိုင်း သင်္ကြန်မတိုင်ခင်ကစပြီး ကန်ထရိုက်ပေးမယ့် သူတွေရှိတာတောင် construction တွေကမယူကြတော့ ဘူး”ဟုပြောသည်။
ယင်းအပြင် ဒေါပုံမြို့နယ်အတွင်း တိုက်ခန်း သာမက အိမ်၊ ခြံ၊ မြေအရောင်းအဝယ်ပြုလုပ်ခြင်းမှာလည်း အေးစက်လျက် ရှိကြောင်း သိရသည် ။
ဒေါပုံမြို့နယ်နေ ဒေါ်ညိုညိုက ”မနှစ်က အရောင်းအဝယ်တွေ ဒီ လောက် မအေးစက်ဘူး။ ရောင်းလိုက်၊ဝယ်လိုက်နဲ့ အိမ်ဈေးတွေတောင် မြင့်တက်လာတယ်။အငှားမှာလဲ ဈေးပိုပေးရတာတွေ ဖြစ်လာတယ်။ ဒါပေမဲ့ ဒီနှစ်မှာ အရောင်းအဝယ်လဲအေးစက် သွားသလို အိမ်ဈေးတွေ လဲ တည်ငြိမ်သွားတယ်။ အငှားက တော့ဈေးကျတာ မရှိပေမယ့် အရင်လို ဈေးတွေ တက်မလာတော့ဘူး”ဟု ပြောသည်။
လက်ရှိအိမ်၊ ခြံ၊ မြေအရောင်း အဝယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အေးစက်လျက်ရှိနေ ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းမှ သိရသည်။ Ref : Democracy Daily
Poated By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ