By Sint Sint, Shweproperty.com
Updated at 28 November 2020
Unicode
အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည့်ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ကမ်းလှမ်းလာမှုကို မြန်မာကလက်ခံလိုက်ပြီဟု ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဦးမြင့်စန်း၏ ပြောကြားချက်ကို ကိုးကားကာ ယနေ့တွင်ဖော်ပြသည်။
G to G စနစ်ဖြင့် စီမံကိန်း ဖော်ဆောင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရမှ အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရဖက်ကလည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကအသေးစိတ်ရေးသားဖော်ပြသည်။
ဟက်တာ ၂၀,၀၀၀ အကျယ်အဝန်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည် ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှနှင့် တောင်တရုတ်ဒေသကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက်အထောက်အကူပြုနိုင်မည့် ဇုန်ဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အတွင်းပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်၍ ဒေသတွင်း ကုန်သွယ်မှုဗဟိုချက်တစ်ခုဖြစ်သွားမည်ဖြစ်သည်။
နောက်ဆုံးရ သတင်းများ
ကန်ဒေါ်လာ (၁၁၀) သန်းတန် မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်းကို ဒီဇင်ဘာလတွင် စတင်မည်
PROPERTYGURU MYANMAR PROPERTY AWARDS IN PARTNERSHIP WITH SHWE PROPERTY ဆုချီးမြှင့်ပွဲကြီးက ခေတ်ပြိုင်နှင့် သမိုင်းဝင်အမွေအနှစ် အိမ်ခြံမြေအောင်မြင်မှုများကို ဂုဏ်ပြု
ဒီဇင်ဘာလမှာ ကိုရီးယား- မြန်မာ စက်မှုဇုန်ကို လှည်းကူးမြို့နယ်မှာ စပြီး အုတ်မြစ်ချမယ်
Zawgyi
အေရွ႕ ေတာင္ အာရွတြင္ အႀကီးဆုံးစီးပြားေရးဇုန္ ျဖစ္လာမည့္ထားဝယ္အထူးစီးပြားေရးဇုန္ေဖာ္ေဆာင္ရာတြင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ပူးေပါင္းပါဝင္လိုေၾကာင္း ကမ္းလွမ္းလာမႈကို ျမန္မာကလက္ခံလိုက္ၿပီဟု ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ ဒုတိယဥကၠဌ ဦးျမင့္စန္း၏ ေျပာၾကားခ်က္ကို ကိုးကားကာ ယေန႔တြင္ေဖာ္ျပသည္။
G to G စနစ္ျဖင့္ စီမံကိန္း ေဖာ္ေဆာင္ရန္အတြက္ ႏိုဝင္ဘာလ ၅ ရက္ေန႔က ဖိတ္ေခၚခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဂ်ပန္အစိုးရမွ အဆိုျပဳကမ္းလွမ္းခဲ့ျခင္းျဖစ္ၿပီး ျမန္မာအစိုးရဖက္ကလည္း စီမံကိန္းတည္ေဆာက္ေရးလုပ္ငန္းမ်ား လ်င္ျမန္စြာ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ အဆိုပါ အဆိုျပဳခ်က္ကို လက္ခံခဲ့ၿပီး ျဖစ္သည္ဟု ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနကအေသးစိတ္ေရးသားေဖာ္ျပသည္။
ဟက္တာ ၂၀,၀၀၀ အက်ယ္အဝန္းရွိ ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ဆိပ္ကမ္းႏွင့္ စက္မႈလုပ္ငန္းမ်ားပါဝင္ၿပီး စီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ၿပီးစီးပါက အေရွ႕ ေတာင္ အာရွတြင္ အႀကီးဆုံးစီးပြားေရးဇုန္ ျဖစ္လာမည္ ျဖစ္သည္။
ထားဝယ္အထူးစီးပြားေရးဇုန္သည္ အေရွ႕ေတာင္အာရွႏွင့္ ေတာင္တ႐ုတ္ေဒသကုန္သြယ္ေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္အေထာက္အကူျပဳႏိုင္မည့္ ဇုန္ျဖစ္သည့္အျပင္ အိႏၵိယသမုဒၵရာႏွင့္ ဘဂၤလားပင္လယ္ေအာ္အတြင္းပင္လယ္ေရေၾကာင္း ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားကိုပါ အေထာက္အကူျပဳႏိုင္မည္ျဖစ္၍ ေဒသတြင္း ကုန္သြယ္မႈဗဟိုခ်က္တစ္ခုျဖစ္သြားမည္ျဖစ္သည္။
ေနာက္ဆုံးရ သတင္းမ်ား
ကန္ေဒၚလာ (၁၁၀) သန္းတန္ ျမန္မာ-ကိုရီးယား စက္မႈဇုန္ စီမံကိန္းကို ဒီဇင္ဘာလတြင္ စတင္မည္
PROPERTYGURU MYANMAR PROPERTY AWARDS IN PARTNERSHIP WITH SHWE PROPERTY ဆုခ်ီးျမႇင့္ပြဲႀကီးက ေခတ္ၿပိဳင္ႏွင့္ သမိုင္းဝင္အေမြအႏွစ္ အိမ္ၿခံေျမေအာင္ျမင္မႈမ်ားကို ဂုဏ္ျပဳ
ဒီဇင္ဘာလမွာ ကိုရီးယား- ျမန္မာ စက္မႈဇုန္ကို လွည္းကူးၿမိဳ႕နယ္မွာ စၿပီး အုတ္ျမစ္ခ်မယ္
Credit : Girnarionline
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ