By မင်းသူရ, Shweproperty.com
Updated at 6 December 2012
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကျပ် ခြောက် ဘီလီယံတန်ဖိုးရှိ ဟိုတယ်နှင့် တန်ဖိုးနည်းအိမ်ရာများပါဝင်သော စီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ TDDPC က တည်ဆောက်မည်ဖြစ်ကြောင်း ထားဝယ်မြို့အခြေစိုက် TDDPC အများပိုင်ကုမ္ပဏီမှ စီမံရေးရာဌာနမှ အကြီးတန်းအရာရှိ ဒေါ်ဥမ္မာက Venus News Weekly ဂျာနယ်သို့ ပြောကြားသည်။
TDDPC အများပိုင်ကုမ္ပဏီမှကနေဦးစီမံကိန်းအနေဖြင့် မောင်းမကန်ကမ်းခြေ အပန်းဖြေစခန်း၊ နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်း နှင့် ဂေါက်ကွင်းအိမ်ရာများ၊ ဟိုတယ်အဆောက်အအုံနှင့် စီးပွားရေးအဆောက်အအုံ၊ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ၊ အဆင့်မြင့် အိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''ခုလောလောဆယ် ဒီလအတွင်း မောင်းမကန် အပန်းဖြေစခန်းမှာ ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ် တည်ဆောက်မယ်''ဟု ဒေါ်ဥမ္မာကဆိုသည်။ တနင်္သာရီတိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ လီမိတက်ကို မှတ်ပုံတင်အမှတ် ၁၃ ၅၉ / ၂ဝ၁၂-၂ဝ၁၃ ဖြင့် မှတ်ပုံ တင်ထားပြီး လုပ်ငန်းစတင်ဆောင် ရွက်ခွင့်ကို ရရှိထားပြီးဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ၏ အစုရှယ်ယာတစ်ခု လျှင်ကျပ်တစ်သိန်းနှုန်းဖြင့် အစု ရှယ်ယာပေါင်း ခြောက်သောင်းဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း TDDP မှ ထုတ်ပြန်ကြေညာသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ