By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 22 March 2018
ဆောက်လုပ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ကျဆင်းခဲ့ကြောင်း ဖေဖော်ဝါရီလထုတ် ရင်းနှီးမြှပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) မှဖော်ပြထားသည်။
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းအရ မြန်မာနိုင်ငံသားရင်းနှီးမှုသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၆၈ ခုက အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရှိခဲ့ရာမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကုမ္ပဏီ ၅၆ ခုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့်သာ ရှိကြောင်း DICA ၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထုတ် စာရင်းတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုအနေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ၁၆ ဒသမ ၁၃ ရာခိုင်နှုန်း ၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် ၁၄ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ဟိုတယ် နှင့် ခရီးသွား ကဏ္ဍတွင့် ၉ ဒသမ ၉၁ ရာခိုင်နှုန်း ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၅ ဒသမ ၆၉ ရာခိုင်နှုန်း ၊ စွမ်းအင် ကဏ္ဍတွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်း ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၀ ဒသမ ၉၇ ရာခိုင်နှုန်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၀ ဒသမ ၅၃ ရာခိုင်နှုန်း နှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ၀ ဒသမ ၃၄ ရာခိုင်နှုန်းများထက် အခြား ရင်းနှီးမြှပ်နံှမှု ၁၆ ဒသမ ၂၉ နှင့် စက်မှုလုပ်ငန်း အတွက် ရင်းနှီးမြှပ်နှံမှု ၄.၈၃ ရာခိုင်နှုန်းဖြစ်ပြီး အိမ်ခြံမြေကဏ္ဍတွင် ၂၅ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု အမြင့်ဆုံးဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကဖော်ပြထားသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု ကဏ္ဍများတွင် ဆောက်လုပ်ရေး ကဏ္ဍသည် ၅ ဒသမ ၆၉ ရာခိုင်နှုန်းသာရှိပြီး အိမ်ခြံမြေကဏ္ဍတွင် ၂၅ ဒသမ ၇၇ ရာခိုင်နှုန်းရှိသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ