By 7daydaily, Shweproperty.com
Updated at 13 July 2016
စစ်ဆေးခံထားသည့် အထပ်မြင့်ကွန်ဒိုအဆောက်အအုံ ၁၂ လုံးကို အထပ်များ ပြန်လည်လျှော့ချရန်နှင့် စီမံကိန်းဒီဇိုင်းပြန်လည်ရေးဆွဲပြီး ပါမစ်ပြန်လည်လျှောက်ထားရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်သည်။
ရန်ကုန်မြို့မှ ၁၃ ထပ်နှင့်အ ထက် အဆောက်အအုံ ၁၄၁ လုံးမှ ၁၂ လုံးကို စတင်စစ်ဆေးရာတွင် စီမံကိန်းဒီဇိုင်းများ ပြန်လည်ရေး ဆွဲပြီး အထပ်များလျှော့ချရန် လိုအပ်ကြောင်း တည်ဆောက်နေ သည့် ကုမ္ပဏီများအား ညွှန်ကြား ခဲ့သည်။
အထူးသဖြင့် ရန်ကုန်မြို့မှ နာမည်ကြီးကွန်ဒိုများပါဝင်ပြီး စီမံ ကိန်းဒီဇိုင်းများတွင် ကားပါကင်လုံ လောက်စွာ မပါဝင်ခြင်း၊ လူသွား လူလာများသည့် လမ်းမတန်းများ တွင် တည်ဆောက်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နိုင် ခြင်းနှင့် မြို့နယ်များအလိုက် မသင့်တော်သည့်နေရာ များတွင် မြင့်မားလွန်းသည့်အထပ်များ ဆောက် လုပ်ခြင်းတို့ကြောင့် အထပ်များ လျှော့ချရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကမ်းနားလမ်းပေါ်တွင် လက်ရှိတည်ဆောက်ရန် စီစဉ်နေသည့်အထပ် ၂၀ ကျော် ကွန်ဒို များပါဝင်ပြီး အဆိုပါ ကွန်ဒိုများအနေဖြင့် ၁၆ ထပ်၊ ၁၈ ထပ်များအထိ လျှော့ချတည်ဆောက်ရမည်ဟု ညွှန်ကြားချက်၌ ဖော်ပြပါရှိသည်။
စစ်ဆေးမှုတွင် ပါဝင်သည့် ကွန်ဒိုအချို့ကိုမူ လက်ရှိဆောက် လုပ်ပြီးစီးသော အထပ်အရေအတွက်၌ ရပ်ဆိုင်းပြီးစီမံကိန်းကို အပြီးသတ် တည်ဆောက်ရန် ထုတ်ပြန်ထားသည်။
ဗဟန်းမြို့နယ် ဆရာစံရပ် ကွက် ကမ္ဘာအေးဘုရားလမ်းပေါ် ရှိ အထပ် ၂၅ ထပ် အဆောက်အ အုံမှာမူ စီမံကိန်းဒီဇိုင်းတစ်ခုလုံး ပြန်လည်ရေး ဆွဲပြီး ပါမစ်ပြန်လည် လျှောက်ထားရမည်အထိ ပါ ဝင်လာသည်။
ပြည်လမ်းပေါ်တွင် တည် ဆောက်မည့် ၂၂ ထပ်ကွန်ဒို အ ဆောက်အအုံမှာမူ အထပ်အရေ အတွက်များနေပြီး လေကြောင်းပို့ ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာန ၏ ထောက်ခံချက်များ လိုအပ် သဖြင့် ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့သည်။
‘‘စစ်ဆေးတဲ့ရလဒ်တွေ ထွက် လာပြီဆိုတော့ ကျွန်တော်တို့ရပ် ထားရတဲ့ ဆောက်လုပ်ရေးလုပ် ငန်းတွေ ပြန်စလို့ရပြီးလား သိချင်ပါတယ်။ သူတို့ဘက်က လိုအပ်ပါတယ်ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ ပြန်တင်ပြပြီး ဆောက်လို့ရရင် ဆက်ဆောက်ချင် နေပါပြီ။ ရပ်ထားရတာ အရမ်းကြာတော့ အလုပ်သမားတွေအထိ အနာဆုံးပဲ’’ဟု စစ်ဆေးခြင်းခံရသည့် အထပ်မြင့် ၁၂ လုံးတွင်ပါဝင်သည့် ဆောက် လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရန်ကုန်တွင် ၁၃ ထပ်နှင့်အ ထက် အထပ်မြင့်အဆောက်အအုံ ၁၄၀ ကျော်ကို ပြီးခဲ့သည့် မေလ ၂၀ ရက်က ပြန်လည်စစ်ဆေးမှု များပြုလုပ်ရန် တိုင်းဒေသကြီးအ စိုးရအဖွဲ့က ညွှန်ကြားချက်ထုတ် ၍ ရပ်ဆိုင်းခဲ့ရသည်။
အဆိုပါ အဆောက်အအုံများ ကို ပြန်လည်စစ်ဆေးရန် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ပြန် လည်စစ်ဆေးရန် ညွှန်ကြားခဲ့ သည်။
Ref : 7daydaily
Photo Credit : gedco-sa
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ