By Lily, Shweproperty.com
Updated at 12 December 2022
သင်ဟာ တိုက်ခန်းဖြစ်စေ၊ ခြံဝန်းအိမ်မှာဖြစ်စေ တစ်ကိုယ်တည်း နေထိုင်မယ့် စင်ဂယ်တစ်ယောက်ဆိုရင်တော့ အခန်းတွင်း အပြင်အဆင်တွေဟာ သင့်စိတ်ကြိုက်ပဲ ဖြစ်သင့်ပါတယ်။ သင်ဟာ သဘာဝစိမ်းစိမ်းစိုစို အပင်လေးတွေကို ကြည့်ရတာ နှစ်သက်သူလား၊ ပန်းချီအနုပညာတွေကို နှစ်သက်သူလား ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ကိုယ်တည်းနေသူတွေအတွက် ကိုယ့်အိမ်ဟာ တစ်ဦးတည်းပိုင် ကမ္ဘာသေးသေးလေး တစ်ခုပါပဲ။ ဒီဆောင်းပါးလေးမှာတော့ တကိုယ်တည်းနေထိုင်ရတာကို နှစ်သက်သူတွေအတွက် အိမ်တွင်းဒီဇိုင်း အကြံဉာဏ် ၄ ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်- - မလိုအပ်တဲ့ ပစ္စည်းတွေကြောင့် နေရာကျဉ်းမသွားပါစေနဲ့ ကြီးမားတဲ့ စားပွဲဝိုင်းကြီးတွေ၊ ၂ ခုထက်ပိုတဲ့ ဗီဒိုတွေဟာ ရိုးရိုးတိုက်ခန်းလို နေရာတွေမှာဆိုရင် မလိုအပ်ပဲ နေရကြပ်သွားနိုင်ပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ တစ်ကိုယ်စာ ခုံတစ်လုံး၊ ဗီဒိုတစ်လုံးလောက်နဲ့ စားပွဲခုံ တစ်ခုသာ ထားမယ်ဆိုရင်တော့ အခြားDecoration လည်း ထပ်ဖြည့်နိုင်တာကြောင့် ကျစ်ကျစ်လစ်လစ်လေးနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်နေမှာ အမှန်ပါပဲနော်။ - မီးဖိုခန်းကို ကောင်တာလို ပြင်ကြည့်ပါ ရိုးရိုးမီးဖိုခန်းထက် စမတ်ကျကျနဲ့ ဘားတွေမှာလို ထိုင်နိုင်မယ့် ကောင်တာပုံစံပြင်ကြည့်ပါ။ ဗိသုကာ ပညာရှင်တွေနဲ့လည်း တိုင်ပင်နိုင်ပါတယ်။ ဒီလိုပြင်လိုက်ခြင်းဖြင့် မီးဖိုချောင်ဟာ ဆီပုလင်းတွေ၊ ဒယ်အိုးဒယ်ခွက်တွေ၊ ပန်းကန်တွေနဲ့ ပွယောင်းယောင်းပုံစံ မဖြစ်စေဘဲ သူ့နေရာလေးနဲ့သူ သိမ်းဆည်းလို့ရလို့ သန့်ရှင်းသပ်ရပ်တဲ့ အသွင်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ တစ်ယောက်တည်း အိမ်မှာ Chill လို့ရမယ့် နေရာလေးက မီးဖိုခန်းပါ ထပ်တိုးလာတော့မှာနော်။ - သက်တောင့်သက်သာရှိတဲ့ အိပ်ရာ အိပ်ရာဟာလည်း အပန်းဖြေရာနေရာလေး တစ်ခုပါပဲ။ တကိုယ်တည်းသမားတွေအတွက် အိပ်ရာကို ဘုရင်ကြီးတစ်ပါးလို တစ်ယောက်တည်းအိပ်ရခြင်းဟာ လွတ်လပ်ခြင်း အရသာပဲ မဟုတ်လား။ အိပ်ယာဘေးမှာတော့ ညသန်းခေါင် လိုအပ်တာလေးတွေ လက်တစ်ကမ်း ယူလို့ရအောင် စားပွဲလေးတစ်လုံး ထားသင့်ပါတယ်နော်။ အခန်းတွင်းအရောင်လေးတွေကတော့ ကိုယ့်စိတ်ကြိုက်ပဲပေါ့။ - အိမ်ကို ကိုယ့်ဝါသနာတွေနဲ့ အလှဆင်ပါ ဥပမာ ကိုယ်က အပင်လေးတွေ စိုက်ရတာ ဝါသနာပါတယ်ဆိုရင် ဝရံတာမှာ အပင်တွေစိုက်ပြီး အလှဆင်ထားတာမျိုး၊ ကိုယ်က ပန်းချီဆွဲတာ ဝါသနာပါတယ်ဆိုရင် ကိုယ့်ပန်းချီလေးတွေ ဧည့်ခန်းမှာ ချိတ်ထားတာမျိုး၊ ကိုယ်က စာဖတ်ရတာ ဝါသနာ ပါတယ်ဆိုရင် စာအုပ်စင်လေးတွေနဲ့ အလှဆင်ထားတာမျိုးတို့ လုပ်ပေးနိုင်ပါတယ်။ တစ်ကိုယ်တည်း နေထိုင်သူတွေဟာ ယေဘုယျအားဖြင့် လွတ်လပ်တဲ့၊ သန်မာတဲ့၊ အမှီအခိုကင်းတဲ့ လူတွေဖြစ်တာကြောင့် ဖော်ပြထားတဲ့ အိမ်တွင်းပြင်ဆင်ချက် အကြံပြုချက်လေးတွေဟာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ