By 7daydaily, Shweproperty.com
Updated at 16 September 2016
ဆောက်လုပ်ရေးလော က၏ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ပူးပေါင်းဖြေ ရှင်းနိုင်ရန် လုပ်ငန်းရှင်များ စု စည်း၍ ရန်ကုန်မြို့ အခြေစိုက် လိုင်စင်ရ ကန်ထရိုက်တာများအ သင်းဟူ၍ ဖွဲ့စည်းတည်ထောင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
လက်ရှိ ဆောက်လုပ်ရေး လောကတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် သြဂုတ် ၃၁ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အား လုပ်ဆောင်မည့် MKT ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ မည် သူမဆို ပါဝင်တက်ရောက်နိုင်ပြီး အသင်းဖွဲ့စည်းရေးနှင့်ပတ်သက် ၍ လုပ်ဆောင် မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ်အတွင်း လုံခြုံစနစ်ကျ ပြီး အရည်အသွေးပြည့်ဝသော အဆောက်အအုံများ ထွက်ပေါ် လာရေးနှင့် မြို့တော် အင်္ဂါရပ်နှင့် အညီ လိုအပ်သည့် စည်းမျဉ်း ဥပဒေများကို အစိုးရအဖွဲ့သို့ အကြံပြုနိုင်ရန် ယခုအသင်းကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က ဆိုသည်။ ‘‘အဓိကကတော့ကျွန်တော် တို့လောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပူးပေါင်းဖြေ ရှင်းနိုင်အောင်ပါ’’ ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အထပ်မြင့်အဆောက် အအုံများကို ကော်မတီတစ်ရပ်ဖွဲ့ ကာ အထပ်မြင့် စီမံကိန်း ၁၀၀ ကျော်အား စစ်ဆေးမှုများပြုလုပ်ခဲ့ သောကြောင့် ဆောက်လုပ်ရေး လောကအတွင်း ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အစိုးရအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လိုင်စင်ရ ကန်ထရိုက်တာများအ သင်းကို ရည်ရွယ်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ဆိုသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး ကိုယ်စားပြု လွှမ်းခြုံသည့် မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်း ရှင်များအသင်းမှာလည်း တရား ဝင်အသင်းအဖြစ် ရပ်တည်လျက် ရှိသည်။
Ref : 7daydaily
Photo Credit : equitmentworld
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ