BOT-Build Operate Transfer စနစ်နဲ့ဌားထားတဲ့မြေပေါ်မှာဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်တဲ့တိုက်ခန်းတွေရဲ့ကွာခြားချက်ကိုနိူင်းယှဉ်ဖော်ပြပေးလိုက်ပါရစေ

ဘီအိုတီစနစ်နဲ့ဌားထားတဲ့မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင် အစိုးရဆီကနေဘီအိုတီစနစ်နဲ့ဌားထားတယ်တိုက်ခန်းဆောက်တဲ့ကုမ္ပဏီကိုယ်တိုင်ကအစိုးရဆီကဌားထားရတော့ဌားထားတဲ့သက်တမ်းပြည့်ရင်ပြန်အပ်ရမှာပါ Build Operate Transfer ဖြစ်တာကြောင့်သက်တမ်းပြည့်ရင်အရှိအတိုင်းပြန်အပ်ရမှာဖြစ်ပါတယ်

ကွန်ဒိုမီနီယမ်တိုက်ခန်းဖြစ်လာရင်အခန်းဝယ်တဲ့သူကမြေကြီးပါရှယ်ယာပိုင်တဲ့သဘောဖြစ်လာတယ်လို့သိရပါတယ်မြန်မာန်ုင်ငံဆောက်လုပ်ရေးများအသင်းဥက္ကဌ U Htay Thar ကဘီအိုစီစနစ်ကနှစ်၅၀ဌားထားတယ်ထပ်တိုး Extension ကဆယ်နှစ်+ဆယ်နှစ်နဲ့နှစ်ပေါင်း ၇၀ သက်တမ်းပြီးရင်တော့ပြီးပြီပေါ့သက်တမ်းထပ်တိုးပေးဖို့ကတော့အဲဒီအချိန်မှာတိုင်းပြည်ကိုစီမံခန့်ခွဲနေတဲ့သူတွေရဲ့အဆုံးအဖြတ်ပေါ်မှာမူတည်ပါတယ်။ 



သူကနှစ်၇၀လောက်ဆိုရင်အဆောက်အအုံရဲ့သက်တမ်းကကုန်ပြီအဲဒီအဆောက်အအုံပေါ်မှာနေထိုင်တဲ့သူတွေကဘာပိုင်မလဲဆိုတာကတော့မပြောနိုင်ပါဘူး ဝယ်တဲ့သူတွေကနှစ်၅၀-၇၀လောက်နေရရင်ကျေနပ်တယ်ဆိုရင်ဝယ်နိုင်တယ် သက်တမ်းကျန်သေးရင်တောင်အဆောက်အအုံတွေကပြင်ကြမှာဘဲအဲဒီအချိန်ကျရင်တော့ပိုင်ဆိုင်မူရူပ်ထွေးနိုင်တယ်။ 

ဘိုးဘွားပိုင်မြေဂရန်မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင် ကွန်ဒိုမီနီယမ်တိုက်ခန်းဖြစ်လာရင်အခန်းဝယ်တဲ့သူကမြေကြီးပါရှယ်ယာပိုင်တဲ့သဘောဖြစ်လာတာကြောင့်ဘိုးဘွားပိုင်မြေနဲ့ဂရန်မြေပေါ်မှာဆောက်ရင်အဲဒီမြေကြီးပါပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်ဂရန်သက်တမ်းကုန်သွားရင်လဲအစိုးရဆီမှာသက်တမ်းထပ်တိုးနိုင်မှာဖြစ်ပါတယ်တချို့ဆောက်လုပ်ရေးကုမ္ပဏီတွေကဘယ်ဥပဒေကိုမဆိုလိုက်နာပါမည်ဆိုတဲ့ခံဝန်ချက်နဲ့စာချုပ်ချုပ်ပေးတယ်အဲဒီလိုမျိုးဝယ်ရင်တော့ဝယ်တဲ့သူတွေမနစ်နာနိုင်ဘူးလို့သိရပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပါမစ်စာရွက်စာတမ်းတွင် အပေါက်များဖောက်ထားပါက သတိပြုနိုင်ရန်အချက်

အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

တိုက်ခန်းအမည်ပြောင်း လျှောက်ထားရာမှာ ပါဝင်ရမယ့် အချက်များ

မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

Credit By: ဥပဒေရေးရာ
Posted By : Ra Wai (ShweProperty.com)