By မစီစီမြင့်အောင်, Shweproperty.com
Updated at 16 July 2013
ယခုတလောဈေးကွက်တွေထဲမှာ တိုက်ခန်းအရောင်းအဝယ်အများဆုံးဖြစ်တာကို တွေ့လာရပါတယ်။ တိုက်ခန်း အရောင်းအဝယ်နဲ့ ပက်သက်ပြီး ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းလေးတွေနဲ့ ပက်သက်ပြီး အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ Customer တွေက တိုက်ခန်းအရောင်းအဝယ်တွေနဲ့ ပက်သက်ပြီး ဆက်စပ်စာချုပ်လေး တစ်ခုကိုင်ထားရုံနဲ့ မိမိပိုင်ဆိုင်တဲ့ အထောက်အထား ပြည်စုံပြီလို့ ထင်မှတ်ထားကြပါတယ်။
မိမိပြန်ရောင်းတဲ့အခါ ဝယ်တဲ့ Customer က စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်းတဲ့ အချိန် မှာ အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်။
တိုက်ခန်း အရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
(၁) ဆက်စပ်စာချုပ် (၂) BCC (လူနေထိုင်ခွင့်) စာရွက် (၃) မြေရှင်လက်မှတ် (၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာတမ်းများလိုအပ်ပါသည်။ ထိုစာရွက်စာတမ်းများပါခဲ့ပါလျှင် ပိုင်ဆိုင်မှု သေချာနိုင်ပါသည်။
Ref : မြန်မာ့အိမ်ခြံမြေသတင်းဌာန MPN – Myanmar Property News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ