By 7daydaily, Shweproperty.com
Updated at 29 October 2015
ကမ္ဘာ့ဘဏ်ကထုတ်ပြန် သော ၂၀၁၆ အတွက် Doing Business စစ်တမ်းတွင်စီးပွားရေး လုပ်ရန် အလွယ်ကူဆုံးအဆင့် သတ်မှတ်ချက်၌ မြန်မာနိုင်ငံက ယခင်နှစ်ထက် အဆင့် ၁၀ ဆင့် တက်လာသော်လည်း အာဆီယံ ဒေသတွင်း နိုင်ငံများတွင်အောက်ဆုံးအဆင့်၌သာ ရပ်တည်နေဆဲဖြစ်သည်။
Doing Business စစ်တမ်း က စီးပွားရေးလုပ်ရန် အလွယ်ကူ ဆံုံးအဆင့်သတ်မှတ်ချက်ကိုနိုင်ငံ ပေါင်း ၁၈၉ နိုင်ငံ စာရင်းထုတ် ပြန်ရာ ၂၀၁၅ တွင် မြန်မာနိုင်ငံ သည် အဆင့် (၁၇၇) ရှိပြီး ၂၀၁၆ တွင် (၁၆၇) သို့ မြင့်တက်လာကြောင်း Doing Business ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Doing Business စစ်တမ်း တွင် အဆင့်သတ်မှတ်ရာ၌ စီး ပွားရေးလုပ်ရန် အလွယ်ကူဆုံးကို အဆင့်(၁)ဟုသတ်မှတ်ပြီး စီးပွား ရေးလုပ်ရန် အခက်ဆုံးနိုင်ငံကို အဆင့် (၁၈၉) သတ်မှတ်ထား သည်။
Doing Business စစ်တမ်း တွင် စီးပွားရေးလုပ်ရန် အလွယ် ကူဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ် ပြီး အဆင့် (၁)၌ ရပ်တည်နေ သည်။ အာဆီယံတွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံးဒုတိယနိုင် ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး အ ဆင့် (၁၈)တွင်ရှိသည်။ ထိုင်းမှာ လည်း အဆင့် (၄၉)တွင်ရပ်တည် နေသည်။
ဗီယက်နမ်က အဆင့် (၉၀)၊ ကမ္ဘောဒီးယားနိုင်ငံက (၁၂၇)၊ လာအိုနိုင်ငံက အဆင့်(၁၃၄)တွင် ရှိပြီး မြန်မာသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။
၂၀၁၆ အတွက် စစ်တမ်း တွင် မြန်မာနိုင်ငံကို အဆင့်မြှင့် တင်ပေးရခြင်းသည် ပြည်တွင်း ကုမ္ပဏီများအတွက် အနိမ့်ဆုံး ရင်းနှီးငွေပမာဏကို ပယ်ဖြတ် ပေးခြင်း၊ ရုံးလုပ်ငန်းအဆင့်ဆင့် ကို လျှော့ချပေါင်းစပ်ခြင်း၊ အ သေးစားလုပ်ငန်းများကို အချိန်နှင့် အရင်းအမြစ်များချွေတာပြီးကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးတက်မှုကို ပြုလုပ်နိုင်ခြင်းကြောင့်ဟု ကမ္ဘာ့ဘဏ်သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆ သည် အစိုးရအပြောင်းအလဲရှိနေ ပြီး တည်ငြိမ်သော အစိုးရဖြစ်လာ ပါက ကမ္ဘာ့ဘဏ်၏ ကြေညာ ချက်သည် တိုင်းပြည်စီးပွားရေးအတွက် အကျိုးရှိကြောင်း စီးပွား ရေးသမားများက ပြောလာသည်။
‘‘စီးပွားရေးဦးမော့ဖို့အတွက် တွန်းအားတစ်ခုပဲ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ရှင်းပြ သည်။
ယခုကဲ့သို့ အဆင့်တိုးမြှင့် သတ်မှတ်ခြင်းသည် မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ရန် အခက်အ ခဲများ လျော့နည်းသွားသည်ကို ဖော်ပြခြင်းဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော Doing Business စစ်တမ်း သည် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုအ တွက် များစွာအရေးပါသောစစ် တမ်းတစ်ခုဖြစ်သည်။ ၂၀၁၄ က ထုတ်ပြန်သော စစ်တမ်းတွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ရန် အလွယ်ကူဆံုံးအဆင့်သည် နိုင်ငံ ပေါင်း (၁၈၉) တွင် (၁၈၂) ၌ ရပ်တည်ခဲ့သည်။
Ref : 7daydaily
Photo Credit : mmbiztoday
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ