By The Modern, Shweproperty.com
Updated at 29 July 2016
ရွှေဈေးနဲ့ဒေါ်လာဈေးအပြောင်းအလဲတွေက ခန့်မှန်းရခက်နေတာကြောင့် ဈေးကွက်ကို ချိန်ဆပြီးမှ လုပ်ဆောင်သင့်တယ်လို့ ဈေးကွက်ကျွမ်းကျင် သူတချို့က ပြောပါတယ်။
သည်လကုန်ခါနီးမှာ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း သက်မှတ်ဖို့ရှိတာကြောင့် ဈေးကွက်အပြောင်းအလဲတွေ ရှိနိုင်တယ်လို့လည်း ဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ် ။ ရွှေဈေးရော ဒေါ်လာဈေးပါ တက်နိုင်တဲ့ အခြေအနေတွေရှိတာကြောင့် ဖြစ်တယ်။ ကမ္ဘာ့ရွှေဈေး ကျနေပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ဒေါ်လာဈေးတက်လာတာကြောင့် ကျပ် ၈၃၀,၀၀၀ ကျော်မှာပဲ ရှိနေတယ်လို့ သိရတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက "ဈေးကွက်အပြောင်းအလဲရှိနေတော့ ရွှေဈေးပဲတက်မလား၊ ငွေဈေးပဲတက်မလား စောင့်ကြည့်ရဦးမယ်၊ ဒီရက်ပိုင်းတွေမှာ ရွှေဈေးက နည်းနည်းပြန်ဆင်းနေတယ်၊ ဒီအပတ်ထဲမှာ အမေရိကန်ဘဏ် အတိုးနှုန်း သတ်မှတ်မယ့်အခြေအနေကို ကြည့်ရမှာပဲ" လို့ပြောပါတယ်။
ပြည်တွင်းရွှေဈေးက သည်နေ့မှာ တစ်ကျပ်သားကို ကျပ် ၈၃၄,၆၀၀ရှိပြီး ကမ္ဘာ့ရွှေက ၁၃၁၅ ဒေါ်လာရှိခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးကျပ် ၈၃၀,၀၀၀ နားကပ်လာတိုင်း ဈေးပြန်တက်နေတာကြောင့် တချို့က ပြည်တွင်းရွှေဈေး ကျပ် ၈၃၀,၀၀၀ အောက်ဆင်းဖို့ ကြာနိုင်သေးတယ်လို့ ပြောကြပါတယ်။
Ref : The Modern
Photo Credit : reuters
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ