By Kamayut Media, Shweproperty.com
Updated at 12 June 2015
ပုဂ္ဂလိကဘဏ်တွေမှာလည်း ဒေါ်လာတွေမရှိတာကြောင့် ဒေါ်လာဆိုတာ အဝယ်ရှိမှ အရောင်းရှိနိုင်မှာမို့ စီးပွားရေးသမားတွေ အခက်အခဲတွေ့နေရတယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁၃ဝဝနီးပါးထိုးတက်ပြီး အခုတော့ ၁၂၄ဝနီးပါး ပြန်ရောက်လာတာမို့ ရိုလာကိုစတာစီး ငွေကြေးဈေးကွက် လူးသာလွန့်သာ ရှိပါရဲ့လား။
ဗဟိုဘဏ်က တစ်ပတ်ကို ဒေါ်လာတစ်သောင်းပဲ ထုတ်ခွင့်ပေးပြီး တစ်ကြိမ်ကို ဒေါ်လာ ၅ထောင်ပဲ ထုတ်ဖို့ ကန့်သတ်လိုက်တာနဲ့ ငွေစာရင်းတစ်ခုနဲ့တစ်ခု လွှဲပြောင်းလို့ရလို့သာ နည်းနည်းလေး လူးသာလွန့်သာ ရှိနေတာပါလို့ ဦးသက်ကိုကိုမျိုးက ဆိုပါတယ်။ ဒေါ်လာဈေးမြင့်တက်မှုဟာ ဘဏ်တွေ၊ စီးပွားရေးသမားတွေအတွက်သာ မဟုတ်ဘဲ နိုင်ငံခြားပစ္စည်းတွေ ဝယ်ယူအသုံးပြုနေတဲ့ အခြေခံလူတန်းစားတွေအတွက်ပါ ထိခိုက်မှုရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ဘဏ်တွေမှာ ဒေါ်လာဈေးနဲ့ ပတ်သက်ပြီး သတ်မှတ်ပြီးသား နှုန်းထားတွေရှိတာကြောင့် လွတ်လွတ်လပ်လပ် ကစားလို့ရတဲ့ ပြင်ပဈေးကွက်နဲ့ မယှဉ်နိုင်တဲ့အခါ ဘဏ်ကိုလာပြီး ဒေါ်လာရောင်းသူတွေ နည်းသွားတယ်လို့ ဆိုပါတယ်။ ဘဏ်တွေအနေနဲ့ ဒေါ်လာဝယ်ထားတာမရှိလို့ ပြန်ရောင်းမပေးနိုင်သလို လက်ထဲမှာ ဒေါ်လာရလာရင်လည်း depositor တွေကိုသာ ဦးစားပေး ထုတ်ပေးရတယ်လို့ ဆိုပါတယ်။ ဒေါ်လာပေါက်ဈေးဟာ ဇွန် ၁ဝရက်က ၁၁ဝဝနဲ့ ၁၂ဝဝ ကြားရှိနေခဲ့ပေမယ့် ပြင်ပပေါက်ဈေးကတော့ ၁၂ဝဝ နဲ့ ၁၃ဝဝ ကြားမှာ ဖြစ်နေပါတယ်။ အခုလို ဒေါ်လာဈေး ကမောက်ကမ ဖြစ်နေမှုတွေကို ဗဟိုဘဏ်က ထိန်းညှိပြီး ဖြေလျှော့သင့်တာတွေ လုပ်ဆောင်ပေးမယ်ဆိုရင် ပြေလည်သွားနိုင်သလို ဘဏ်တွေအနေနဲ့ လွတ်လပ်စွာ ဈေးသတ်မှတ်နိုင်မှု မရှိခြင်းဟာ ပြင်ပဈေးကွက်ကို မယှဉ်နိုင်ဘူးဖြစ်နေတယ်လို့ ပြောပါတယ်။ Ref : Kamayut Media Posted By : Wai Phyoe Aung
ဗဟိုဘဏ်က တစ်ပတ်ကို ဒေါ်လာတစ်သောင်းပဲ ထုတ်ခွင့်ပေးပြီး တစ်ကြိမ်ကို ဒေါ်လာ ၅ထောင်ပဲ ထုတ်ဖို့ ကန့်သတ်လိုက်တာနဲ့ ငွေစာရင်းတစ်ခုနဲ့တစ်ခု လွှဲပြောင်းလို့ရလို့သာ နည်းနည်းလေး လူးသာလွန့်သာ ရှိနေတာပါလို့ ဦးသက်ကိုကိုမျိုးက ဆိုပါတယ်။
ဒေါ်လာဈေးမြင့်တက်မှုဟာ ဘဏ်တွေ၊ စီးပွားရေးသမားတွေအတွက်သာ မဟုတ်ဘဲ နိုင်ငံခြားပစ္စည်းတွေ ဝယ်ယူအသုံးပြုနေတဲ့ အခြေခံလူတန်းစားတွေအတွက်ပါ ထိခိုက်မှုရှိစေနိုင်တယ်လို့ ဆိုပါတယ်။
ဘဏ်တွေမှာ ဒေါ်လာဈေးနဲ့ ပတ်သက်ပြီး သတ်မှတ်ပြီးသား နှုန်းထားတွေရှိတာကြောင့် လွတ်လွတ်လပ်လပ် ကစားလို့ရတဲ့ ပြင်ပဈေးကွက်နဲ့ မယှဉ်နိုင်တဲ့အခါ ဘဏ်ကိုလာပြီး ဒေါ်လာရောင်းသူတွေ နည်းသွားတယ်လို့ ဆိုပါတယ်။ ဘဏ်တွေအနေနဲ့ ဒေါ်လာဝယ်ထားတာမရှိလို့ ပြန်ရောင်းမပေးနိုင်သလို လက်ထဲမှာ ဒေါ်လာရလာရင်လည်း depositor တွေကိုသာ ဦးစားပေး ထုတ်ပေးရတယ်လို့ ဆိုပါတယ်။
ဒေါ်လာပေါက်ဈေးဟာ ဇွန် ၁ဝရက်က ၁၁ဝဝနဲ့ ၁၂ဝဝ ကြားရှိနေခဲ့ပေမယ့် ပြင်ပပေါက်ဈေးကတော့ ၁၂ဝဝ နဲ့ ၁၃ဝဝ ကြားမှာ ဖြစ်နေပါတယ်။ အခုလို ဒေါ်လာဈေး ကမောက်ကမ ဖြစ်နေမှုတွေကို ဗဟိုဘဏ်က ထိန်းညှိပြီး ဖြေလျှော့သင့်တာတွေ လုပ်ဆောင်ပေးမယ်ဆိုရင် ပြေလည်သွားနိုင်သလို ဘဏ်တွေအနေနဲ့ လွတ်လပ်စွာ ဈေးသတ်မှတ်နိုင်မှု မရှိခြင်းဟာ ပြင်ပဈေးကွက်ကို မယှဉ်နိုင်ဘူးဖြစ်နေတယ်လို့ ပြောပါတယ်။
Ref : Kamayut Media
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ