By 7daydaily, Shweproperty.com
Updated at 6 May 2016
ပြင်ပဈေးကွက်တွင် အမေရိကန် ဒေါ်လာ ဈေးနှုန်း သည် အတက်အကျ များနေ ကြောင်း သတင်းရရှိသည်။
မေလ ၅ ရက် နံနက်ပိုင်း၌ ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁,၁၇၂ ကျပ်ဖြင့် ဈေးဖွင့်ပြီး ညနေပိုင်း၌ တစ်ဒေါ်လာလျှင် ကျပ် ၁,၁၆၈ သို့ ကျဆင်းလာသည်။
မေလ ၄ ရက်က နံနက်ပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၁၇၆ မှ ညနေပိုင်းဈေးကွက်ပိတ်ချိန်၌ ၁,၁၆၉ ကျပ်သို့ ကျဆင်းလာသည်။
‘‘ကမ္ဘာ့ရွှေဈေးက နည်း နည်းကျတော့ ဈေးလိုက်မလား ဆိုပြီး ဈေးမြှင့်ခေါ်နေကြတာပါ’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဈေးနှုန်းအပြောင်းအလဲများ ရှိသော်လည်း ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာအရောင်းအ ဝယ်သည် ပုံမှန်ရှိကြောင်း ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ပြင်ပဈေးကွက်တွင် ငွေလဲနှုန်း အပြောင်းအလဲ ဖြစ်သော်လည်း ဗဟိုဘဏ်က တရားဝင်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁,၁၇၀ ဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် မေလ ၅ ရက်တွင် တစ်အောင်စလျှင် ကန် ဒေါ်လာ ၁,၂၈၀ ခန့်ရှိပြီး ပြည်တွင်းရွှေဈေးသည် ၇၉၂,၀၀၀ ကျပ် ကျော်ဈေးပေါက်သည်။ မေလ ၁ ရက်က ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန်ဒေါ် လာ ၁,၂၉၂ ရှိပြီး ပြည်တွင်းရွှေဈေးကွက်၌ ၇၉၀,၀၀၀ ကျော် ဈေးရှိသည်။
Ref : 7daydaily
Photo Credit : global
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ