By Myanmar Builders Guide, Shweproperty.com
Updated at 27 December 2018
တနင်္သာရီတိုင်းအတွင်း အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ကွန်ကရစ်လမ်း၊ တံတား၊ အဆောက်အအုံများအား ယခုဘဏ္ဍာနှစ်မှစ၍ ပြည်တွင်းထုတ်ဘိလပ်မြေများ အသုံးပြုခွင့်ပေးလိုက်ကြောင်း ထားဝယ်ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ သိရပါတယ်။
သုံးစွဲခွင့်ပြု
ယခင်က ထိုင်းနိုင်ငံထုတ် ထိုင်းဆင်နီ ဘိလပ်မြေအမျိုးအစားတစ်ခုကိုသာ အသုံးပြုခွင့်ပေးထားခဲ့ရာမှ ယခုနှစ်တွင် ပြည်တွင်းထုတ် မြန်မာဆင်နီ၊ ကြံ့တစ်ကောင်၊ ကြံ့နှစ်ကောင်စသည့် ဘိလပ်မြေများကို သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ အငယ်တန်းအင်ဂျင် နီယာ-၂ (မြို့ပြ) ဦးဇော်ဝင်းနိုင်က ပြောဆိုခဲ့ပါတယ်။
အသုံးပြုခွင့်ပေးလိုက်သည့် ပြည်တွင်းဘိလပ်မြေများကို ရန်ကုန်မြို့ရှိ လမ်းသုတေသနဓာတ်ခွဲခန်းတွင် စမ်းသပ်ချက်အရ အဆောက်အအုံများ ဆောက်လုပ်ရန် အရည်အသွေးပြည့်မီသဖြင့် ခွင့်ပြုပေးလိုက် ခြင်းဖြစ်ပါတယ်။"ထိုင်းဆင်နီနဲ့ပဲသုံးသုံး၊ မြန်မာထုတ်နဲ့ပဲ သုံးသုံးတိုင်းတာတဲ့အချိန် မှာ သတ်မှတ်ထားတဲ့ အရည်အသွေးပြည့်နေရမယ်။ မပြည့်ရင်တော့ အဲဒီတင်ဒါအောင်တဲ့သူက ပြန်လုပ်ပေးရမယ်" ဟု ၎င်းက ပြောခဲ့ပါတယ်။
သုံးစွဲခွင့်မရှိ
သို့သော် ပြည်တွင်းထုတ် ဘိလပ်မြေများကို အလျားပေ ၃၀ နှင့် အထက် တံတားများ ဆောက်လုပ်ရာတွင်သုံးစွဲခွင့်မရှိဘဲ ထိုင်းနိုင်ငံထုတ်ဆင်နီဘိလပ်မြေကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း သိရပါတယ်။ယင်းကဲ့သို့ ပြည်တွင်းထုတ် ဘိလပ်မြေများကို သုံးစွဲခွင့်ပြုလိုက် ခြင်းကြောင့် နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်မည့်အပြင် နိုင်ငံတော်ကလည်း ရန်ပုံငွေပိုလျှံလာမည်ဖြစ်ကြောင်း ထားဝယ်အခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောဆိုခဲ့ကြပါတယ်။
တနင်္သာရီတိုင်းတွင် ပြည်တွင်းထုတ်ဘိလပ်မြေများ သုံးစွဲခွင့်ကို ယခုနှစ်မှ စတင်ခွင့်ပြုခဲ့သော်လည်း အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်မူ ယခင်ကတည်းက သုံးစွဲလျက်ရှိကြောင်း ဦးဇော်ဝင်းနိုင်က ပြောဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံထုတ် ဆင်နီဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၆၄၅၀ ခန့်ရှိပြီး ပြည်တွင်းထုတ် မြန်မာဆင်နီ၊ ကြံ့တစ်ကောင်၊ ကြံ့နှစ်ကောင် ဘိလပ်မြေဈေးနှုန်းများမှာ ကျပ် ၅၈၀ဝ ခန့်သာရှိကြောင်း ထားဝယ်ဈေးကွက်မှသိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ