By The Kumudra, Shweproperty.com
Updated at 3 June 2015
သည်နောက်ပိုင်းအိမ်ငှားနေသူတခ့ျိုက ငှားရမ်းခဈေးကြီးလည်း သွားလာရလွယ်ကူပြီး ခရီးစရိတ်သက်သာတဲ့ မြို့ထဲပိုင်းကို ဈေးကြီးပေးနေတာတွေရှိလာတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
မြို့ထဲပိုင်းကိုပဲ ဈေးသက်သာတဲ့နေရာကို ရှာကြတာများပေမယ့် မြို့တွင်းမြို့နယ်တွေမှာ အလုပ်လုပ်ရတဲ့ သူအများစုကတော့ ခရီးသွားရတဲ့ အချိန်ပေးရတာရယ်၊ ခရီးစရိတ်ငွေကုန်ကျတာတွေကြောင့် သွားလာရလွယ်ကူတဲ့ မြို့ထဲပိုင်းကို ငှားနေကြတာတွေရှိလာတယ်။
ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဌေးကြိုင်က "မြောက်ဥက္ကလာကနေမြို့ထဲကို အလုပ်သွားရတာ၊ တခါတလေဆို လိုင်းကားမစောင့်နိုင်တော့ ကျပ် (၁၀၀၀)ကား စီးရတယ်၊ အသွားအပြန်နဲ့ဆို စရိတ်ကမနည်းဘူး၊ အိမ်ငှားခလဲ တစ်လကိုကျပ် (၁၅၀,၀၀၀) ပေးရတယ်၊ ခရီးစရိတ်နဲ့ အိမ်ငှားခစရိတ် ပြန်တွက်ရင် မြို့ထဲမှာ ငှားနေရတဲ့စရိတ်နဲ့ မကွာဘူးလေ၊ မြို့ထဲမှာပဲ တစ်လ ကျပ် (၂၀၀,၀၀၀) တန်ရှာငှားနေလိုက်တယ်၊ ခရီးစရိတ်ကော၊ သွားရလာရတာ ကားလမ်းပိတ်တဲ့ ဒုက္ခပါ သက်သာသွားတယ်"လို့ ပြောပြပါတယ်။
ဆင်ခြေဖုံးရပ်ကွက်တခ့ျိုနဲ့ မြို့တွင်းနဲ့ဆက်စပ်မြို့နယ်တွေရဲ့ ငှားရမ်းခဈေးနှုန်းတွေကလည်း မြို့တွင်းနီးပါး ဈေးမြင့်လာတာကြောင့်ပါ။ မြို့တွင်းပိုင်းမှာ အနည်းဆုံးငှားရမ်းခက ကျပ် (၁၅၀,၀၀၀)ဖြစ်တာကြောင့် မြို့တွင်းပိုင်းမှာ အလုပ်ရှိသူတွေက ငှားရမ်းနေကြတာ။
' ဆင်ခြေဖုံးမှာတော့ လုံးချင်းနေရပေမယ့် မြို့ထဲကတိုက်ခန်းနဲ့ပေါ့၊ ဒါပေမယ့် ခရီးသွားရတဲ့စရိတ်ရယ်၊ အချိန်ပေးရတာတွေကလည်း သက်သာတော့ အဆင်ပြေတယ်၊ ကလေးလဲမရှိ လူကြီးပိုင်းတွေပဲဆိုတော့ အဆင်ပြေတယ်၊ ကလေးရှိတဲ့သူတွေတွေကျတော့ ကျောင်းကိစ္စတွေဘာတွေနဲ့ အခက်အခဲရှိနိုင်တယ်လေ'လို့ ခရီးသွားလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်တဲ့ မမေဇင်က ပြောပါတယ်။
မြို့ပြင်အိမ်ငှားခဈေးတွေက မြို့တွင်းပိုင်းထက် ဈေးသက်သာတယ်ဆိုပေမဲ့ သည်နောက်ပိုင်းမှာ သွားလာရတဲ့အချိပေးရတဲ့ ဒုက္ခနဲ့ ခရီးစရိတွေကို စဉ်းစားပြီး မြို့တွင်းပိုင်းကို ငှားနေကြတာတွေရှိလာတာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဒေါ်ခင်ကြည်က 'အိမ်ငှားတဲ့သူတွေက ပိုများလာတယ်၊ အိမ်အလွတ်ကသိပ်မရှိဘူး၊ တချို့က အိမ်ရှင်တောင်းတဲ့ ဈေးအတိုင်းပေးပါ့မယ်ဆိုတဲ့ သူတွေတောင်ရှတယ်'လို့ ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ