By Ra Wai, Shweproperty.com
Updated at 8 February 2022
နေအိမ်ကို သပ်သပ်ရပ်ရပ်လေးထားရတာက စိတ်ကျေနပ်မှုရစေတဲ့ အချက်တစ်ခုပါ။ အပြင်ကပြန်လာလို့ အိမ်ကလေး ရှင်းပြီး သပ်ရပ်နေရင် စိတ်ထဲမှာ ကြည်လင်နေတယ်နော်။ ဖုန်လေးတွေကင်းပြီး သပ်ရပ်နေတဲ့ အိမ်လေးကစိတ်ကျေနပ်မှုအပြည့်အဝရစေတာမှန်ပေမယ့် တစ်ခါတလေ ဖုန်ထူနေတာကလည်း ကျန်းမာရေးအတွက်ကောင်းပါတယ်နော်။ ဖုန်ထူနေတာကကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရှိရတာက အိမ်မှာထူနေတဲ့ဖုန်တွေမှာရှိနေတဲ့ ဘက်တီးရီးယားလေးတွေက ပတ်ဝန်းကျင်လေထုထဲမှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဖုန်တွေက အန္တရာယ်ရှိစေနိုင်တယ်ဆိုပေမယ့် ကင်ဆာဖြစ်စေတဲ့ အရာတေါကိုတော့ တိုက်ဖျက်နိုင်စွမ်းရှိနေပါတယ်။ နေထိုင်ရာ အိမ်ထဲကနေရာအနှံ့အပြားမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေအများကြီးရှိနေပါတယ်။ရောဂါပိုးတိုင်း ကအန္တရာယ်ရှိတယ်လို့ မဆိုသာပေမယ့် အချို့သောရောဂါပိုးတွေကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ သွားပွတ်တံထည့်တဲ့ခွက်တွေ၊ ပန်းကန်ဆေးတဲ့ရေမြှုပ် ကနေစလို့ အိမ်သုံးပစ္စည်းတော်တော်များများမှာ မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားလေးတွေ အများအပြားရှိနေတတ်ပါတယ်။ ဒီလိုရောဂါပိုးတွေထဲကမှာ အိမ်ထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေထဲမှာ ရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကိုယ်ခံအားနည်းနေသူတွေအတွက် ရန်သူဖြစ်နေပေမယ့် ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ မိတ်ဆွေလေးတွေဖြစ်စေမှာ အသေအချာပါ။ သူတို့က ပတ်ဝန်းကျင်မှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်စွမ်းအပြည့်အဝရှိနေပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုအရကတော့ ဖုန်မှုန့်တွေထဲမှာပါတဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ phthalatesတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဖုန်မှုန့်တွေထဲက ဘက်တီးရီးယားတွေကနေ့စဉ်ထိတွေ့နေတဲ့ ပလပ်စတစ်တွေ၊ ဗီနိုင်း၊ ပလပ်စတစ်အရုပ်တွေ၊ ပစ္စည်းထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ၊ အစွန်းချွတ်ဆေးတွေ၊ ဆပ်ပြာမှုန့် နဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီလေ့လာမှုလုပ်ဖို့အတွက်နေအိမ်ကော်ဇောတွေက ဖုန်မှုန့်တွေနဲ့ ဖုန်မှုန့်ထဲမှာရှင်သန်နေတဲ့ ဘက်တီးရီးယားတွေကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွက်နေအိမ်တွေကနေကော်ဇောတွေကို အလျဉ်းသင့်သလိုရယူစုဆောင်းခဲ့တာပါ။ ဒီလေ့လာမှုအတွင်းတွေ့ရှိရတာကနေအိမ်အတွင်းပိုင်းက အရာတွေမှာရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ဒီဖုန်မှုန့်တွေထဲမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားလေးတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်တယ်ဆိုတဲ့အချက်ပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းဖို့က အဓိကကျပြီး ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ဖုန်မှုန့်ထဲမှာပါတဲ့ ဘက်တီးရီးယားတွေက ရန်သူမဖြစ်ဘဲ မိတ်ဆွေဖြစ်နိုင်ပါတယ်နော်။ ဒါကြောင့်အသန့်ကြိုက်လွန်းပြီး ဖုန်တွေရှင်းနေမယ့်အစား အာဟာရြပည့်ဝအောင်စား၊ သင့်တင့်လျောက်ပတ်တဲ့လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်ချိန်ထားပြီး ကိုယ်ခံအားကောင်းအောင်ထိန်းသိမ်းပါလို့ပြောပါရစေ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: hellosayarwon Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ