By သန်းနိုင်စိုး, Shweproperty.com
Updated at 16 January 2012
၂ဝ၁၂ ခုနှစ်နှစ်ဆန်းပိုင်းတွင် ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်၌ သိန်းပေါင်းသောင်းချီကာ စတင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အဆိုပါအိမ်ခြံမြေဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။
''ဒီရက်ပိုင်း မန္တလေး-လားရှိုး လမ်းမကြီးပေါ်မှာ သိန်းပေါင်းသောင်းချီပြီး အရောင်းအဝယ်ဖြစ်တယ်။ တစ်ခုက နှစ်ထပ်တိုက်တစ်လုံးပါပြီး ပေ ၇ဝx၂ဝဝ အကျယ် ရှိတဲ့မြေကွက်ကို ကျပ်သိန်းပေါင်း ၁၃ဝဝဝ နဲ့အရောင်းအဝယ်ဖြစ် တယ်။ နောက်တစ်ခုက ပေ ၆ဝ ပတ်လည်နဲ့တစ်ထပ်တိုက်ဟောင်း ပါတဲ့ဟာ။ သူကကျပ်သိန်းပေါင်း ၁ဝဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်။ သိရသလောက်ကတော့ ဘဏ်ဖွင့်ဖို့လို့တော့ ပြောနေကြတယ်''ဟုရွှေညီကိုအိမ်ခြံမြေအကျိုး ဆောင်ဦးဒိုပုန်းက ပြောကြားသည်။
ယခုအခါ ပြင်ဦးလွင်မြို့၏ အချက်အချာကျသောနေရာများတွင်ဘဏ်များဖွင့်လှစ်ရန်ရှိနေသည့်အပြင် ဘဏ်သစ်များဖွင့်လှစ်ရန် စုံစမ်းမှု များရှိနေကြောင်း သိရသည်။
''ပြင်ဦးလွင်မှာ ဘဏ်သစ်တွေ ဖွင့်ဖို့ စိုင်းပြင်းနေကြတယ်။ အနည်း ဆုံး ဘဏ်သစ်ငါးခုလောက်တော့ ဖွင့်ဖို့ရှိတယ်''ဟု ဝါရင့်အိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့အနီးရှိ သီးစား မြေများအား ရောင်းဝယ်ခွင့်တားမြစ် ထားသော်လည်း ယင်းမြေများကို ပေ ၁ဝဝ ပတ်လည်မြေကွက်များ ရိုက်ကာ ရောင်းဝယ်မှုများရှိနေ ကြောင်း၊ အထူးသဖြင့် အောင်ချမ်း သာ၊ ရေချမ်းအိုး၊ ရေငယ်၊ မိုးကြိုး ပစ် စသည့်ကျေးရွာများနှင့် ပြင်ဦး လွင်-မိုးကုတ်ကားလမ်းအနီးတွင် မြေကွက်များရိုက်ကာ ရောင်းဝယ်မှု များရှိနေကြောင်း သိရသည်။
''ပြီးခဲ့တဲ့နှစ် မေလလောက် တုန်းက ပြင်ဦးလွင်-မိုးကုတ်ကား လမ်းမှာဒီဘက်မြို့နဲ့နီးတဲ့အပိုင်းတွေ မှာတစ်ဧကကို ၁၅ သိန်းနဲ့ ရောင်း ဝယ်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ဈေးတွေတက်လာတော့ အခုဆိုရင် သိန်း ၃ဝဝ နဲ့ ၄ဝဝ ကြားထိ ဈေး ခေါ်လာတယ်။ ဒါပေမယ့်အမှန် တကယ်အရောင်းအဝယ်ဖြစ်တာ တော့မတွေ့ရသေးဘူး''ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
၂ဝ၁၁ ခုနှစ်အတွင်း ပြင်ဦး လွင်အိမ်ခြံမြေဈေးကွက်၌ အမျိုး သားကန်တော်ကြီးအနီးတွင် နှစ် ဧကကျော်ရှိ မြေကွက်နှစ်ကွက်သည် ကျပ်သိန်းပေါင်း ၂ဝဝဝဝ ဖြင့်အမြင့် ဆုံးအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ