By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 10 July 2018
(၂၀၁၈)ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံကို ဗဟိုပြုကာ အင်အား ရစ်ချ်စတာစကေး (၃.ဝ)နှင့်အထက် ငလျင်လှုပ်ခတ်မှုပေါင်း (၁၀၀) ကျော်ရှိကြောင်း ဘေးအန ္တာရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်းငါးဆယ်ကျော် နေထိုင်ကြသည်။
စစ်ကိုင်း ပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော် ပြတ်ရွေ့စသော ပြတ်ရွေ့ကြီး (၄)ခုပေါ်တွင် တည်ရှိနေခြင်းကြောင့် ပထဝီဝင် အနေအထားအရ ဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေးယခင်ကတည်းက မြန်မာနိုင်ငံတွင် အင်အားကြီးမားသော ငလျင်များစွာ လှုပ်ခတ်ခဲ့ပြီး လူသန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်များအနက် (၂၀၀၄)ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာတွင် လှုုပ်ခတ်ခဲ့သော ဆူနာမီလှိုင်းကြောင့် ကမ်းရိုးတန်းဒေသများ ထိခိုက်မှုများစွာရှိခဲ့သည်။
ရန်ကုန်မြို့သည်လည်း နိုင်ငံ၏အဓိကစီးပွားရေးအချက်အချာမြို့ ဖြစ်ပြီး လူဦးရေအများဆုံးနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် မမျှော်လင့်ဘဲ ငလျင်လှုပ်ခတ်မှုခံရပါက ဆုံးရှုံမှုနှင့် ပျက်စီးမှုများကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ(၆)သန်းကျော် နေထိုင်လျက်ရှိပြီး လျှင်မြန်စွာတိုးတက်ပြောင်းလဲနေတာကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားသင့်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ မှတ်ချက်ချပါသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ(၁၀၀၀)ခန့်အကွာတွင် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့အနီး တည်ရှိသည်။
(၁၉၃၀) ခုနှစ်တွင် အင်အားရစ်ချ်တာစကေး (၇.၃) အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပဲခူးတိုင်းဒေသတွင် လူဦးရေငါးရာခန့်နှင့် ရန်ကုန်မြို့တွင်လူဦးရေ ၅၀ ခန့်သေဆုံးခဲ့တာကြောင့် မြန်မာနိုင်ငံသမိုင်းမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့ပါသည်။
ထိုစဉ်က ရန်ကုန်မြို့လူဦးရေမှာ (၄)သိန်းခန့်သာရှိပြီး ယခုအခါတွင် ရန်ကုန်မြို့လူဦးရေသည် (၆)သန်းကျော်ရှိတာကြောင့် ရန်ကုန်မြို့တွင် ငလျင်နှင့် ပတ်သက်သော ကြိုတင်ပြင်ဆင်မှုများကို အလျှင်အမြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
လက်ရှိတွင်လည်း ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများ၊ ထိခိုက်မှုလျော့ချရေး အသိပညာပေးဆွေးနွေးခြင်းများ၊ ငလျင်အန္တာရာယ်ဖြစ်ပေါ်သည့်အချိန်တွင် အဓိကတာဝန်ယူမည့် အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Varmatin
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ