By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 10 July 2018
ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းလာစေရန်၊ ရန်ကုန်မြို့နေ ပြည်သူလူထု၏ ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေးအသိပညာများတိုးမြင့်လာစေရန်ရည်ရွယ်ပြီး ဒုတိယအကြိမ်မြောက် ငလျင်ဆိုင်ရာဖိုရမ်ကို ဇူလိုင်လ (၁၃) ရက်မှ (၁၄)ရက်ထိ ရန်ကုန်နည်းပညာ တက္ကသိုလ် Yangon Technological University (YTU) တွင် ဆွေးနွေးကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေးဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ဇူလိုင်လ (၁၃)ရက်နေ့တွင် စတင်ကျင်းပမယ့် ဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ငလျင်အန္တရာယ်ကျရောက်နိုင်ခြေနှင့် ထိခိုက်လွယ်မှုဆိုင်ရာ အချက်အလက်များကို မျှဝေပြီး ငလျင်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန်၊ ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်မှုလျော့ချရေးဆိုင်ရာ လက်ရှိလေ့လာတွေ့ရှိချက်များ နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ရန်၊ အဓိက ပါဝင်လုပ်ဆောင်ရမည့်အဖွဲ့များကို စုစည်းထားရှိရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်ပြီး စစ်ကိုင်း ပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော် ပြတ်ရွေ့များပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်သည် မြန်မာနိင်ငံ၏ သိသာထင်ရှားသော သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ငလျင်ဆိုင်ရာဖိုရမ်များ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သမိုင်းတွင်လည်း ကြီးမားသော ငလျင်လှုပ်ခတ်ခြင်းများရှိခဲ့ကာ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရူံးခြင်း၊ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများ ၊ အဆောက်အအုံများပျက်ဆီးခြင်းများအပြင် လူပေါင်းမျာစွာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
(၂၀၁၈)ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံကို ဗဟိုပြုကာ ရစ်ချ်စတာစကေး(၃)အထက် ငလျင်လှုပ်ခတ်မှုပေါင်း (၁၀၀)ကျော်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ဖော်ပြထားသည်။
(၂၀၁၆)ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ် ငလျင်ဆိုင်ရာဖိုရမ်ကို ရန်ကုန်မြို့ MICC ခန်းမတွင် တစ်ရက်တာ ကျင်းပနိုင်ခဲ့ကာ လူဦးရေ(၈၀၀)ခန့် တက်ရောက်ခဲ့ပြီး ငလျင်နှင့်ပတ်သတ်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် အသိအမြင်ပေး ဆွေးနွေးခဲ့ကြသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ