By Sint Sint, Shweproperty.com
Updated at 17 December 2020
Unicode
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့သစ်များချဲ့ထွင်းများကို ရေရှည်စီမံကိန်းများရေးဆွဲပြီး အကွက်များဖော်ခဲ့ကြပါတယ်။ ထိုအထဲအတွင် ဒဂုံမြို့သစ်မြို့နယ်လည်း အပါအဝင်ပါပဲ။ယခင်ကလယ်ယာမြေများ အဖြစ်နေက ရပ်ကွပ်တည် မြို့တည်ဆောက်နိုင်ခဲ့ပါတယ်။ မြို့တွေရဲ့အဓိက လိုအပ်ချက်သည် ကျန်းမာရေးပင်ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ လိုအပ်ချက်ကို ယခုအစိုးရလက်ထက်မှာ ဖြည့်ဆည်းပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သည် နိုင်ငံတောငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရန်ကုန်မြို့တော်အား အဝန်းအဝိုင်း ကောင်းမွန်စေရေးအတွက် တိုးချဲ့ရန် မြို့သစ် များ ဖွဲ့စည်း တည်ဆောက်ခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန (၈.၁၁.၁၉၈၉) ရက်စွဲပါ အမိန့်ပြန်တမ်း ဖြင့် ဒဂုံမြို့သစ်မြို့နယ်ကို လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ (၁၉.၈.၁၉၉၄) ရက်စွဲပါအမိန့် ပြန်တမ်းဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အဖြစ် ဒဂုံ(၄)မြို့နယ်ဖွဲ့စည်းခဲ့ရာမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဖြစ်ပေါ်လာပါသည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သည် မူလရပ်ကွက် (၂၉)ရပ်ကွက် ကျေးရွာ အုပ်စု(၃)အုပ်စု ကျေးရွာပေါင်း(၆)ရွာဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အရှေ့ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြောက်ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဘက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ဖြင့် နယ်နိမိတ်ချင်း ဆက်စပ်တည်ရှိပါသည်။ဒေသခံပြည်သူများရဲ့ကျန်းမာရေးကဏ္ဍအတွက် ၈ ဒသမ ၈ ဧကရှိ လယ်မြေမှာ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစန်းကြူကပြောကြားပြီးဖြစ်ပါတယ်။
မြေနေရာမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ် လှော်ကားလမ်းပေါ်တွင် တည်ရှိပြီး မြေဖို့သည့် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ အဆောက်အဦ ဆောက်လုပ်ရန်အတွက်ဆွေးနွေးနေဆဲဖြစ်ပြီး ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက်ရည်ရွယ်တာမျိုးမဟုတ်ကြောင်း သိရပါတယ်။လက်ရှိမြှ မြေနေရာသာ ရရှိသေးပြီး ကျန်သည့်အရာများမရှိသေးကြောင်း၊ ယင်းမြေနေရာ မရရှိခင်က နေရာသုံးလေးခုအား တွေ့ရှိခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့သည်။လက်ရှိမှာမြေနေရာမှာ တော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ် လှော်ကားလမ်းပေါ်တွင် တည်ရှိပြီး မြေဖို့သည့် လုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း သိရပါတယ်။ မည်သို့သော အဆောက်အဦတည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ောကာင်း ၊ လက်ရှိတွင် မြေနေရာသာ ရရှိသေးပြီး ကျန်သည့်အရာများ မရှိသေးကြောင်း သိရပါတယ်။
အရင်က သာကေတမြို့နယ်တွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သည့် ဆေးရုံနေရာမှာ အမှိုက်ပုံဟောင်းနေရာတွင် ဖြစ်နေသဖြင့် အမှိုက်များမှ ထွက်ရှိသည့် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့များဖြစ်သော VOC၊ H2S၊ Methane၊ CO2 များ ရှိ မရှိ တိုင်းတာစစ်ဆေးသင့်ကြောင်း၊ ယင်းဓာတ်ငွေ့များမှာ အဆုတ်ကို ဒုက္ခပေးသည့် ဓာတ်ငွေ့များ ဖြစ်ကြောင်း၊ အမှိုက်ပုံဟောင်း နေရာတွင် ဆောက်လုပ်မည် ဖြစ်သဖြင့် လူနှင့် ဆေးရုံကားများ သွားလာလှုပ်ရှားမှု၊ ဆေးရုံသုံး ပစ္စည်းတွေ လှုပ်ရှားတုန်ခါမှု အစရှိသည့် အခြေအနေများကို တွက်ချက်ပြီးမှသာ တည်ဆောက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များနှင့် အင်ဂျင်နီယာအချို့က ထောက်ပြ ဝေဖန်ခဲ့သည်။
သာကေတမြို့နယ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့သည့် ယာယီဆေးရုံမှာ လတ်တလောတွင် COVID-19 လူနာများ ထားရန်နှင့် COVID-19 ရောဂါထိန်းချုပ်နိုင်ပါက ယာယီဆေးရုံများမှ ပိုလျှံနေသည့် ပစ္စည်းများကို ထားရန်အတွက် စီစဉ်ထားခြင်းဖြစ်သည်။လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာရှိသော ဆေးရုံများတွင် (၂၅) ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ လေးထောင့်ကန် တိုက်နယ်ဆေးရုံ ၁ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူနေရပ်ကွက်ပေါင်း ၂၂ ခု၊ လူဦးရေ သုံးသိန်းနှင့် အိမ်ထောင်စုပေါင်း ခြောက်သောင်းနီးပါးတို့ နေထိုင်လျက်ရှိပြီး အဆိုပါဆေးရုံများ၊ ဆေးခန်းများမှာ မြို့နယ်ပြည်သူလူထုက အဓိကအားကိုထားရသော ဆေးရုံဆေးခန်းများဖြစ်နေပါတယ်။
ထို့အပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၏ အနောက်ဘက်တွင် ခုတင် ၅၀၀ ဆံ့ သင်္ဃန်းကျွန်းစံပြ အထွေထွေရောဂါဆေးရုံကြီး၊ တောင်ဘက်တွင် ခုတင် ၂၀၀ ဆံ့ သန်လျင်ပြည်သူ့ဆေးရုံကြီးဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါသေးတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံပေါင်း ၂၃ ရုံရှိနေပြီး၊ပုဂလိကဆေးရုံ ၃၃ ရုံရှိနေပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားပါသည်။ ၎င်းဦးစီးဌာနများမှာ- ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန) ၊ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန) ၊ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနဆေးသုတေသနဦးစီးဌာန ၊တိုင်းရင်းဆေးပညာဦးစီးဌာန ၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ခဲ့တာလည်းဖြစ်ပါတယ်။မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူ့ကျန်းမာရေးတွေကို အလေးပေးဆောင်ရွက်နေတာကိုလည်း မျက်မြင်ကိုယ်တွေ့ဖြစ်နေပါပြီ။ ရည်မှန်းချက်တွေကတော့
(က) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး
(ခ) လူတိုင်းရောဂါဘယကင်းရှင်းရေး
အဓိကရည်မှန်းချက်များအားအောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ
(က) ကျေးလက်ကျန်းမာရေးဒေသအောက်ခြေအထိကျန်းမာရေးအသိပညာပေးခြင်း
(ခ) ရောဂါကာကွယ်တားဆီးခြင်း
(ဂ) ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း
ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်ပါသည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအား နိုင်ငံသားတိုင်းကို ပေးအပ်နိုင်ရန် အစိုးရမှအမျိုးမျိုးသော ကျန်းမာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ မူဝါဒများ၊ အစီအစဉ်များစသည်တို့ကို ပြည်ထောင်စုနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနများ၊ အဖွဲ့အစည်းများ၊သုတေ သနစာတမ်းများနှင့် အခြားစာပေများ၊ ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းများမှ အသေးစိတ် အချက်အလက်များရရှိနိုင် မည်ဖြစ်ပါသည်။
လူသားအားလုံးသည် အခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အရည်အသွေးပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင်ရမည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုထားသည့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး လွှမ်းခြုံမှုသည် ကမ္ဘာ့ဦးစားပေး ဖွံ့ဖြိုးမှုလမ်ကြောင်းတစ်ခု ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါပန်းတိုင်ကို လှမ်းကိုင်နိုင်ရေးအတွက် အရှိန်မြှင့်ကြိုးပမ်းချက်များကို နိုင်ငံရေးအရ ကတိကဝတ်ပြုခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစနစ်ကိုကြံခိုင်တောင့်တင်းစေပြီး လူတိုင်းလက်လှမ်းမီသည့်ကျန်းမာရေးလွှမ်းခြုံမှုစနစ်ကို လျှောက်လှမ်းရာတွင် ဆင်းရဲနွမ်းပါးသူများကို ဦးစားပေး သည့်စနစ်ကို ရွေးချယ်ခဲ့ပါသည်။
ထို့ကြောင့်လည်းအမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)၏ အဓိကပန်းတိုင်သည် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အခြေခံအကျ ဆုံးသော မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု များကို ငွေကြေးကုန်ကျမှုနည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ဆောင်ရွက်နိုင်ရေးဖြစ်ပါသည်။ အမျိုးသား ကျန်းမာရေးစီမံကိန်းသည် အဆိုပါပန်းတိုင်ကို ရရှိစေရန် ရည်ရွယ်၍ အဖွဲ့အစည်းအသီးသီးတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
လူဦးရေ သိပ်သည်းပြီး လူနေထူထပ်သော ဒဂုံအရှေ့ပိုင်း တောင်ပိုင်း မြို့နယ်မှာရွေ့ပြောင်း အိမ်ယာအများအပြားစုဝေးနေပါတယ်။ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားများ၊ အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင် သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးမည့် စီမံချက်ကာလအတွင်း ရပ်ကွက် (၃၂) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများမှ ပထမအကြိမ် တင်ပြသည့် အိမ်ထောင်စုစာရင်းအတွက် စုစုပေါင်း ၃၄၅၅ စု ရှိပါတယ် ။၎င်းနှင့်ပတ်သက်ပြီး သာမန်ရွှေ့ပြောင်း အခြေခံ လုပ်ငန်း စဉ်များနှင့်အညီ ၎င်းတို့ မူလ နေထိုင်ရာနေရပ်အသီးသီးမှာရှိသည့် မြို့နယ်ဦးစီးမှူးရုံးတွင် လည်းကောင်း၊အကြောင်းကြားစာများ၊Fax ဖုန်းများဖြင့် လည်း မေးမြန်းစုံစမ်း၍ရပါကြောင်း၊မိမိတို့မှလည်း ဆက်သွယ်ပြီးှ စုံစမ်း ဆောင်ရွက်နေပါကြောင်း၊သက်ဆိုင်ရာမြို့နယ်များတွင် နေထိုင်ခဲ့ခြင်း၊ အိမ်ထောင်စု စာရင်းများ ရှိခြင်း/မရှိခြင်း၊တဖက်တွင် အိမ်ထောင်စုဝင် စာရင်းရှိသည်ဆိုလျင် ၎င်းစာရင်းကို နုတ်ရပါကြောင်း၊အသစ်ထပ်ပေးမိပါက လူဦးရေ၊အိမ်ထောင်စု စာရင်းဝင်များ ဖောင်းပွနိုင်သည့် အတွက် အမှန် တကယ် လိုအပ်သည့် စိစစ်မှုများကို သက်ဆိုင်ရာကလည်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊လက်ရှိမှာ စာရင်းဇယားများအရ အိမ်ထောင်စု ၁၃၀ စု၊ နေထိုင်နေပြီး ကျန် ၄၂၀ စုသည် အကြောင်းကြားစာများပို့ထားသော်လည်းလာ ရောက် လျှောက်ထားခြင်းမရှိ၍ ကျန်နေခြင်းဖြစ်ပါကြောင်းသိရပါတယ်။
အထက်ပါစာရင်းများအရ လူဦးရေ သိပ်သည်းဆများနေသော ထိုကဲ့သို့နေရာမျိုးမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိတော့မှာလည်း ဖြစ်ပါတယ်။ချမ်းသာခြင်းထက် ကျန်းမာခြင်းကို ဦးထိပ်ထားရမယ့် အခုလိုကာလကြီးမှာ ကျန်းမာရေးဆိုင်ရာဖြည့်ဆည်းမှုကြီးသည် ရွှေတောင်ကြီးသဖွယ် ဖြစ်နေပါတော့တယ်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်းနှင့် အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံနိုင်မည့်စီမံကိန်းများ
လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ၇၈ ရာခိုင်နှုန်းပြီးနေပြီး ယင်းချေးငွေကို သီလဝါစက်မှုဇုန်သို့ ရေရောင်းချရငွေနှင့် ပြည်သူများ၏ ရေဖိုးရေခဖြင့် ပေးဆပ်ရမည်ဖြစ်၍ ရေဖိုး အပြည့်ပေးသွင်းကြရန် ရန်ကုန်စည်ပင် ကြေညာ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း
အလုပ်အကိုင်ပေါင်း တစ်သိန်းကျော် ဖန်တီးပေးနိုင်မယ့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း စတော့မယ်
Zawgyi
နောက်ဆုံးရ သတင်းများ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ