By ဌေးဌေး, Shweproperty.com
Updated at 17 October 2012
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းမြေကွက်များ အား ပြန်လည်ပေးအပ်သွားမည်ဖြစ် ပြီး ပိုလျှံသောမြေများကို တန်ဖိုးနည်း အိမ်ရာဆောက်လုပ်၍ ကျန်ရှိနေ သော ဝန်ထမ်းများအား နေရာချထား ပေးရန်နှင့် ဝင်ငွေနည်းပြည်သူများ နေထိုင်နိုင်ရန် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ရန် အစီအစဉ်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက စက်တင် ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောကြားသည်။
အဆိုပါမြေကွက်များကို ၁၉၉၄ ခုနှစ်မှစတင်၍ အစိုးရဝန်ထမ်းများ အား အရစ်ကျစနစ်ဖြင့် ချထားပေးခဲ့ ပြီး ၎င်းဝန်ထမ်းမြေကွက်များအနက် အိမ် ၂၉ လုံးမှအပ ကျန်အိမ်ရာ မြေကွက်များတွင် လာရောက်၍ အဆောက်အအုံ ဆောက်လုပ်ပြီး နေ ထိုင်ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အဆောက်အအုံဆောက်လုပ်နေထိုင်ခြင်း မရှိသည့်အတွက် ၂ဝဝ၃ ခုနှစ်မှစ၍ ဒေသခံလယ်သမား များ၏ တင်ပြချက်အရ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းက အဆောက် အအုံဆောက်လုပ်နေထိုင်ခြင်း မရှိ သော မြေကွက်လွတ်နေရာများတွင် တစ်မိုး တစ်ရာသီ စိုက်ပျိုးခွင့် ပြုခဲ့ ကြောင်း၊ ၂ဝဝ၈ ခုနှစ်၊ မေလ၌ နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့ပြီးနောက် ဆန်စပါးဖူလုံစေရန် ရည်ရွယ်ချက် ဖြင့် စက်မှုလယ်ယာစံပြစိုက်ပျိုးရေး ဇုန်အား နိုင်ငံတော်စီမံကိန်းအဖြစ် ဖော်ထုတ်ဆောင်ရွက်ရာတွင် စိုက် ပျိုးရေးဧရိယာအတွင်း ပါဝင်သွား သော ဝန်ထမ်းလူနေအိမ် ၂၉ လုံး အား မြေကွက်အစားပေး၍ မူလနေ အိမ်ထက် တန်ဖိုးမနိမ့်သော အဆင့် ဖြင့် ပြန်လည်ဆောက်လုပ်ပေးပြီး ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
''အမှန်တော့ စိုက်ပျိုးရေးအထူး စီးပွားရေးဇုန်ထဲမှာ ဝန်ထမ်းတွေကို ချထားပေးလေ့မရှိဘူး။ စိုက်ပျိုးရေး ဇုန်ထဲမှာ ၉,၇၂၁ ဒသမ ၆၆ ဧက ထဲမှာ ဝန်ထမ်း ၁၁ ရပ်ကွက်ရဲ့ ၉၆၉ ဒသမ ၂၃ ဧက မြေကွက် ၈,ဝ၇၉ ကွက်ဟာ ဒဂုံကုမ္ပဏီကနေ ၄၅၉ ဒသမ ၉၄ ဧက၊ ဒါနောက်ထပ်တိုးချဲ့ ခဲ့တာဖြစ်တယ်။ နဂိုက စိုက်ပျိုးရေး အထူးဇုန်ပေးတဲ့အတွက် မြေကို ဝန်ထမ်းတွေကို မချပေးဘူး။ ဒီဘက်မှာ ချထားပေးတဲ့မြေက ဝန်ထမ်းတွေ အိမ်ဆောက်လုပ်ခြင်း မရှိတဲ့အတွက် မြေပိုနေတယ်ဆိုပြီး သူတို့ကို လုပ် ကိုင်ခွင့်ပေးလိုက်တာ။ မြေကွက် ပေါင်းက ၃,၉၃၇ ကွက်ရှိတယ်။ ဒါကို လည်း ဒဂုံကုမ္ပဏီကိုလည်း ပြန်ပေး ပါလို့ တောင်းခံတဲ့အတွက် သူတို့က လည်း လက်ခံလို့ ဝန်ထမ်းတွေကို ပြန်ပေးဖို့အစီအစဉ်ရှိပါတယ်'' ဟု ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြော သည်။
''နောက်ထပ်တစ်ခုက မြဝတီကုမ္ပဏီကို ၂၃၇ ဧကရှိတဲ့ ရလ ၃၈ ရထားတဲ့ ဝန်ထမ်းတွေက အိမ်ရာ မဆောက်လုပ်တဲ့အတွက် အဲဒါကို စိုက်ပျိုးရေးမြေအဖြစ်နဲ့ ၁၉၉၇ ကွက် ပေးခဲ့တာရှိတယ်။ ဒါကိုလည်း အခု နောက်ပိုင်းမှာ မြဝတီကုမ္ပဏီကို ဝန်ထမ်းတွေရဲ့အိမ်ရာ ဆောက်လုပ် မှာဖြစ်တဲ့အတွက် ပြန်လည်တောင်းခံ တဲ့အတွက် ကုမ္ပဏီကလည်း သဘော တူခဲ့တယ်''ဟု ၎င်းက ပြောကြား သည်။
လုပ်ငန်းဆောင်ရွက်မှု အခြေ အနေအား တိကျစွာ မပြောနိုင်သေး ကြောင်းနှင့် လက်ရှိအချိန်တွင် အိုး အိမ်ဌာနမှ လွှဲပြောင်းရယူရန် ကျန်ရှိနေသည့်အတွက် တိကျသော အချိန် ကာလ မသတ်မှတ်ရသေးကြောင်း သိရသည်။
အဆိုပါမြေကွက်များအား မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ၂ဝ၁၂ ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ပြန်လည် သိမ်းယူမည်ဟု နိုင်ငံပိုင်သတင်းစာ များမှ တစ်ဆင့် ကြော်ငြာခဲ့သည်။ ထို့ကြောင့် မြေကွက်ပိုင်ဆိုင်သူ အငြိမ်းစားဝန်ထမ်းများက အသနား ခံတင်ပြမှုများ ဆောင်ရွက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က မေလဆန်းပိုင်းတွင် ပြန်လည်ပေးအပ်ရန်အတွက် စိစစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ် ပေးခဲ့သည်။ ယခု စက်တင်ဘာလ ကုန်ပိုင်းတွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးတွင် အဆိုပါမြေကွက် များအား ဆက်လက်ဆောင်ရွက် သွားရန် အစီအစဉ်များအကြောင်း ထပ်မံ ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
Source : TheTradeTimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ