By 7 Day Daily, Shweproperty.com
Updated at 5 January 2018
လှည်းကူးမြို့နယ်အ တွင်း မြေဧက ၁,၄၀၀ ကျော်ပေါ် တွင်တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းကို ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိစိစစ် နိုင်ရန် တိုင်းလွှတ်တော်ဥပဒေရေး ရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ သို့ ယခုရက်ပိုင်းအတွင်း တင်ပြ မည်ဖြစ်ပြီး လွှတ်တော်၌လည်း မေးခွန်းမေးမည်ဟု လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွား ရေးကော်မတီက ပြောသည်။
ယင်းအိမ်ရာ စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အ ချက်အလက်များကို လွှတ်တော်၌ ရှင်းလင်းတင်ပြခြင်းမရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များအ ကြား ဝေဖန်မှုများရှိခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းလွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီက ဇန်နဝါရီ ၂ ရက်တွင် အစည်းအဝေးပြုလုပ် ကာ အထက်ပါအတိုင်းဆောင် ရွက်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်။
‘‘ဒီစီမံကိန်းနှင့်ပတ်သက်တဲ့ အချက်အလက်တွေ လွှတ်တော် က ဘာမှမသိခဲ့ရဘူး။ ဒီစီမံကိန်း က win-win situation ဖြစ်ရဲ့ လား၊ သင့်တင့်မျှတရဲ့လားပေါ့ ဗျာ။ ဒါတွေကို မေးသွားမှာပါ’’ ဟု ယင်းကော်မတီအတွင်းရေး မှူးဦးကျော်ဇေယျက ပြောသည်။
အဆိုပါ Eco Green City အိမ်ရာစီမံကိန်းသည် ရန်ကုန် တိုင်းအတွင်း ပထမဆုံးဆောင် ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော အိမ်ရာစီမံကိန်း ဖြစ်ကြောင်း ရန်ကုန်တိုုင်းဝန်ကြီး ချုပ်ပြောကြားချက်ကို ဦးကျော် ဇေယျက ပြန်လည်ပြောသည်။
ယင်းစီမံကိန်းကို တိုင်းလွှတ် တော်က စီမံကိန်းနှင့်ဘတ်ဂျက် များအတည်ပြုရာတွင် နောက် ဆက်တွဲအဖြစ် လွှတ်တော်သို့တင် ပြခဲ့သော်လည်း စီမံကိန်းလုပ် ဆောင်မည့်အသေးစိတ်အချက် အလက်များ ပါဝင်ခြင်းမရှိ ကြောင်း လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
အသေးစိတ် အချက်အလက်များကို လွှတ်တော်သို့ တင်ပြပါက စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အကြံပေး၍ရကြောင်း ၎င်းက ထောက်ပြသည်။
အဆိုပါအိမ်ရာစီမံကိန်းအ တွက် အသုံးပြုမည့် ဘတ်ဂျက် ပမာဏ၊ စီမံကိန်းတွင် အခန်းမည် မျှပါဝင်မည် စသည့်အချက်အ လက်များကိုလွှတ်တော်အနေဖြင့် လုံးဝမသိရှိသေးကြောင်း ဦး ကျော်ကျော်ထွန်းကဆိုသည်။
‘‘ဒါက စီမံကိန်းကြီးဆိုတော့ လွှတ်တော်ရဲ့အတည်ပြုချက်ရ ယူရမယ်။ အခုမသိရတော့ တင် ဒါဘယ်လိုခေါ်မလဲ၊ ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လိုလုပ်မလဲ ’’ ဟု ၎င်းက ပြောသည်။ယင်းစီမံကိန်းကို ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ရန်ကုန်တိုင်းလှည်းကူး မြို့နယ် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးအနီးတွင် တည် ဆောက်မည်ဖြစ်သည်။ အိမ်ရာစီမံကိန်းပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာရှင်းလင်းပွဲကို ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်တွင် စီမံ ကိန်းဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီး၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်တို့ တက်ရောက် ခဲ့သည်။
စီမံကိန်းအကောင်အထည် ဖော်မည့်ဧရိယာအတွင်း ကျူး ကျော်အိမ် ၄,၀၀၀ ကျော်ရှိပြီး ၂၀၁၇ ဇွန်လအတွင်း တိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလုပ်သ မားများက ရှင်းလင်းခဲ့သည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ