By 7daydaily, Shweproperty.com
Updated at 8 January 2019
လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တည်ဆောက်မည့် Eco Green City ကို အမြန်အကောင်အထည် ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က ပြောသည်။
လုပ်ငန်းများ လုပ်ဆောင်ရာ တွင် စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်လိုကြောင်း စီမံ ကိန်းဧရိယာအတွင်း ဇန်နဝါရီ ၆ ရက်က ပြောကြားခြင်းဖြစ်သည်။
‘‘စီမံကိန်းက စနေပါပြီ။ လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး အောင် မြင်နိုင်ဖို့အတွက် လက်တွေ့မှာအဆင်ပြေနိုင်တဲ့ လုပ်ငန်းတွေလုပ်ဖို့ အကြံပေးသွားတာပါ’’ဟု ဦးမင်းထိန်က ပြောသည်။
အိမ်ရာစီမံကိန်းကို တိုက် ခန်း ၂,၀၀၀ ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း အိမ်ရာ ဈေးကွက် အကျဘက်ရောက်နေ ၍ အပန်းဖြေအိမ်ရာစီမံကိန်းဖြင့် ပထမဦးစားပေးစတင်ရန် စီစဉ် ထားသည်ဟု ဆိုသည်။ အဆိုပါ စီမံကိန်းသည် ယခင်အစိုးရလက် ထက်က အကောင်အထည်ဖော် ခဲ့သည့် ကုမ္ပဏီဖြင့်သာ ဆောင် ရွက်မည်ဖြစ်ပြီး စီမံကိန်းကြန့်ကြာ မှုများကြောင့် အမြန်ဆုံးစတင်ရန် လိုလားနေသည်ဟု ဦးမင်းထိန်က ဆိုသည်။
စီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး အစိုးရဘက်က ရှယ်ယာအချိုး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ရနိုင်သည်ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။
Eco Green City အိမ်ရာစီမံ ကိန်းသည် ရန်ကုန်တိုင်းအတွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော စီမံ ကိန်းဖြစ်သည်။
တိုင်းအစိုးရနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာ လကုန်တွင် စီမံကိန်း ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ သည်။ ယင်းစီမံကိန်းတွင် ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော်မည်ဟု ယင်းဌာနက ဆိုထားသည်။
Ref & Photo Credit : 7daydaily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ