By Eleven Media Group, Shweproperty.com
Updated at 15 February 2016
ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနပိုင် အဆောက်အအုံများကို မြေမပါ မျက်မမြင် အခြေအနေအတိုင်း ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၊ တင်ဒါစိစစ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ အဆောက်အအုံများမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ခရေပင်လမ်း အမှတ် ၂၆ နှင့် စိန်ဂျွန်းသိုလှောင်ရုံ ဝင်းအတွင်းရှိ သိုလှောင်ရုံ ၁၃ လုံး၊ ငါးခန်းတွဲ ဝန်ထမ်းအိမ်ရာတစ်လုံး၊ အခြားအဆောက်အအုံ ၁၅ လုံးတို့အား မြေမပါ မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုခွဲ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါပုံစံများကို ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် ၃၊ နေပြည်တော်တွင် ရောင်းချသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် တင်ဒါ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရှင်းလင်းမည်ဖြစ်ပြီး အဆိုပါနေ့တွင်ပင် တင်ဒါများကို စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ရုံးအမှတ် ၃၊ နေပြည်တော် ဖွင့်ဖောက်မည် ဖြစ်ကြောင်း သိရသည်။
တင်ဒါ ဖွင့်ဖောက်မည့်နေရာတွင် တင်ဒါ တင်သွင်းသူကိုယ်တိုင် တင်ဒါစိစစ်ရေးအဖွဲ့၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးအတွင်း ထည့်သွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Ref : Eleven Media Group
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ