By 7daydaily, Shweproperty.com
Updated at 15 October 2015
ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမည့် သတင်းများထွက်ပေါ်လာပြီးနောက် အချိန်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ရုတ်တရက် မြင့် တက်လာကြောင်း သတင်းရရှိ သည်။
ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာဈေးသည် အေက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ တစ်ဒေါ်လာလျှင် ကျပ် ၁,၂၈၃ ခန့်ဈေးရှိနေရာမှ မွန်းလွဲပိုင်းတွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမည့် သတင်း ထွက်ပေါ်လာပြီးနောက် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ ခန့်အထိ မြင့်တက်လာသည်။
ရွေးကောက်ပွဲကျင်းပမှုကို မရွှေ့ဆိုင်းကြောင်း ကော်မရှင်က ည ၈ နာရီသတင်းတွင် အတည်ပြု ကြေညာပြီးနောက် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှစတင်၍ ငွေလဲနှုန်း ပြန်လည်ကျဆင်းလာ သည်။
နေ့လယ်ပိုင်းတွင် ငွေလဲ နှုန်းသည် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၈၈ ဝန်းကျင်သာဈေးရှိတော့ ကြောင်း၊ အရောင်းအဝယ်မှာ လည်း ပြန်အေးလာကြောင်း ရွှေ ဘုံသာလမ်းမှ ပြင်ပငွေလဲလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပြော ကြားသည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်း အပြောင်းအလဲဖြစ်လာသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်သည့် ရည်ညွှန်းငွေလဲ နှုန်းမှာ အောက်တိုဘာ ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သာ သတ်မှတ်ထားသည်။ အောက်တိုဘာ ၁၄ ရက်တွင် ဗဟိုဘဏ် မှ သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၆ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ကြောင့် ပြင်ပ ဈေးကွက်၌ ငွေ လဲနှုန်း ရုတ်တရက် မြင့်တက်မှု သည် ယခုတစ်ကြိမ်နှင့် ပါဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်သည်။ သြဂုတ် လလယ်ပိုင်းကလည်း ပြည်ခိုင် ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ဂယက်ကြောင့် ငွေကြေး ကြွယ်ဝသူများက အ ထိတ်တလန့်ဖြစ်ပြီး ဈေးကွက်အ တွင်း အမေရိကန်ဒေါ်လာများ ဝယ်ယူမှုများလာသဖြင့် တစ်ရက် အတွင်း တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ဈေးမြင့်တက်သွားခဲ့သည်။
နိုင်ငံရေးမတည်ငြိမ်မည်ကို စိုးရိမ်၍ စုဆောင်းရလွယ်ကူသော အမေရိကန်ဒေါ်လာကိုသာ ငွေ ကြေးတတ်နိုင်သူများက ဝယ်ယူ နေသဖြင့် ဈေးတက်လာခြင်းဖြစ် သည်ဟု စီးပွားရေးလုပ်ငန်းရှင် များက ပြောနေသည်။
ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုးမြင့်တက် လာခြင်းသည် နိုင်ငံရေးအခြေအ နေကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြ သည်။ ကုန်သွယ်ရေးလုပ်ငန်းများ သည် မိုးရာသီဖြစ်နေခြင်းနှင့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ရေကြီးမှုများဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်းများမကောင်းကြပေ။
ထို့ကြောင့် ဒေါ်လာ တန်ဖိုးရုတ်တရက်မြင့်တက်လာမှုသည် ထိတ်လန့်မှုကြောင့် ခေတ္တမျှဖြစ်ပြီး နိုင်ငံရေး အခြေအနေ ပြန်လည်တည်ငြိမ်သွားပါက ကျဆင်းလာနိုင်သည်ဟု စီးပွားရေးသမားများက သုံးသပ်ကြသည်။
Ref : 7daydaiyl
Photo Credit : mmbiztoday
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ