By The Trade Times, Shweproperty.com
Updated at 8 September 2015
ရွေးကောက်ပွဲကာလ နီးကပ် လာသည့်အချိန်၌ ရန်ကုန်တိုင်း ဒေသကြီးတွင် အိမ်ခြံမြေဈေးနှုန်း များမှာ ထက်ဝက်နီးပါး ကျဆင်း လျက်ရှိနေကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်အသိုင်းအဝိုင်းမှ သိရှိရ သည်။
၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲရှိနေခြင်းကြောင့် အပြောင်းအလဲများစွာ ရှိနေနိုင်သည် ဟု ယူဆရကြောင်းနှင့် မြန်မာ့အိမ်ခြံ မြေကဏ္ဍသည် ယခင်နှစ်ထက်စာ လျှင် ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့ကြောင်း သိရသည်။
”နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ အိမ်ခြံမြေရောင်းဝယ်သူတွေဟာ နိုင်ငံ ရေး ပြောင်းလဲမှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာတာပါ။ အထူးသဖြင့် ကြာမြင့်နေတဲ့ ကွန်ဒိုမီနီယံ ဥပဒေနဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှုတွေ ခွင့်ပြုမှာလားဆိုတာ စိတ်ဝင်စားမှု မြင့်တက်လာတာပဲ”ဟု က ပြော သည်။
အိမ်ခြံမြေဈေးကွက်အတွင်း အမှန်တကယ် နေထိုင်မည့်သူများ သာ ဝယ်ယူနေကြပြီး ဈေးကစားလို သည့် ဝယ်ရောင်းများအနေဖြင့် မိုးရာသီဖြစ်သည့်အပြင် နိုင်ငံရေး အပြောင်းအလဲများတွင် စီးပွားရေး ပြောင်းလဲမည်ကို စိုးရိမ်နေကြခြင်း ကြောင့် ဝယ်ယူမှုများ မရှိခြင်းမှာ လည်း ဈေးကွက်နှေးကွေးနေခြင်း ဖြစ်သည်ဟု သိရသည်။
အိမ်ခြံမြေကဏ္ဍသည် ငွေကြေး ဖောင်းပွမှုအထက်တွင် ရှိသည်ဟု ဆိုသော်လည်း ငွေကြေးနှုန်းထား အတက် အကျ များလာသည်နှင့်အမျှ မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင် စားမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ တွင် စတော့ဈေးကွက်နှင့် ငွေကြေး လည်ပတ်မှုဈေးကွက် အားနည်း နေခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်း သည် ရင်းနှီးမြှုပ်နှံရန် အကောင်း ဆုံးဖြစ်နေကြောင်းလည်း သိရသည်။
”လက်ရှိအခြေအနေအရတော့ အိမ်ခြံမြေအရောင်းဈေးကွက်က အေးနေတယ်ဆိုတာထက် ဝယ်မယ့် သူကို ထိုင်စောင့်နေရတယ်။ ရွေး ကောက်ပွဲမှာ အပြောင်းအလဲဖြစ်မှာ ကိုလည်း စောင့်နေရတယ်။ ဘာလို့ လည်းဆိုတော့ စီမံကိန်းတွေဟာ ရွေးကောက်ပွဲကာလအပြီးမှာ ဘယ် လိုတွေဖြစ်လာနိုင်လည်းဆိုတာကို စောင့်ကြည့်နေရတာဖြစ်ပါတယ်” ဟု အိမ်ခြံမြေဈေးကွက် အရောင်း အဝယ်အေးနေခြင်းနှင့် ပတ်သက်၍ ဇော် အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှ ဦးဇော်လွင်က ပြောသည်။
လက်ရှိအချိန်တွင် ပါမစ်မြေများ နှင့် အိမ်ခြံမြေကဏ္ဍမှာ အဝယ်အေး နေသော်လည်း အိမ်ခြံမြေ အငှား ကဏ္ဍတွင် ပုံမှန်အတိုင်းသာ လည် ပတ်နေကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် ခြံမြေ ဝယ်ယူငှားရမ်းလိုသူများ၏ ရှာဖွေမှုအများဆုံးမြို့နယ်မှာ စမ်း ချောင်းမြို့နယ်ဖြစ်ပြီး ဒုတိယရှာဖွေ မှု အမြင့်ဆုံးမြို့နယ်မှာ သာကေတ မြို့နယ်နှင့် တတိယအမြင့်ဆုံးမှာ ဗဟန်းမြို့နယ်တို့ ဖြစ်ကြောင်း သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ