By Myanmar Builders Guide, Shweproperty.com
Updated at 24 December 2018
မြန်မာနိုင်ငံရှိ မြို့ပြနေသူများသည် အီလက်ထရွန်နစ် ပစ္စည်းများ၊ ကားများနှင့် အိမ်များ ဝယ်ယူရန် ချေးငွေထုတ်ယူသုံးစွဲမှု ပိုများလာသည်။
အရစ်ကျငွေပြန်ဆပ်သည့် ဖောက်သည်များအား အနည်း ငယ်ချေးငွေများ ထုတ်ပေးနေ သည့် ဂျပန်နိုင်ငံ၏ Aeon ဘဏ္ဍာ ရေးဝန်ဆောင်မှုသည် အထူးသ ဖြင့် ပစ္စည်းအသုံးအဆောင်များ နှင့် လက်ကိုင်ဖုန်းဆိုင်များတွင် ရန်ကုန်မြို့ ဈေးဝယ်စင်တာတစ် ခု၌ အလွယ်တကူတွေ့နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
Aeon အသေးစားငွေချေး လုပ်ငန်း (မြန်မာ) သည် ချေးငွေ အသေးစားများ ထုတ်ချေးရန် ၂၀၁၃ က လုပ်ငန်းလိုင်စင်ရရှိခဲ့ သည်။ ယခုအခါ ယင်းလုပ်ငန်း သည် စတိုးဆိုင်ပေါင်း ၆၃၀ နှင့် တွဲဖက်လုပ်ကိုင်နေပြီး ၂၀၁၆ က ၂၀၀ သာရှိခဲ့သည့်အခြေအနေမှ သုံးဆအထိ တိုးလာခဲ့သည်။ ၎င်း တို့ထံမှ ငွေချေးယူသူများ၏ ၇ဝ ရာခိုင်နှုန်းခန့်သည် လက်ကိုင် ဖုန်းများဝယ်ရန် ယင်းဝန်ဆောင်မှု ကိုအသုံးပြုကြသည်။
ယခင်က အိမ်တစ်လုံးဝယ် ယူချိန်တွင်ပင် မြန်မာနိုင်ငံ၌ ငွေ သားသည်သာတစ်ခုတည်းသော ပေးချေမှုနည်းလမ်း ဖြစ်ခဲ့သည်။ ယခုအခါ ကုမ္ပဏီတစ်ခုခုတွင် အ လုပ်လုပ်သော မြန်မာနိုင်ငံသား တိုင်းနီးပါးသည် အနည်းငယ်သော ချေးငွေတစ်ရပ် ထုတ်ယူနိုင်ပြီဖြစ် ကြောင်း Aeon အသေးစားငွေချေး လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦး ၏ ပြောကြားချက်အရသိရသည်။
ချေးငွေဖြင့် သားဖြစ်သူကို လက်ကိုင်ဖုန်းတစ်လုံး ဝယ်ပေးခဲ့ သော အသက် (၄၀) အရွယ်ဖခင်တစ်ဦးက ဈေးကြီးသောပစ္စည်း များ တစ်ကြိမ်တည်းငွေမပေးရ၍ ၎င်းအနေဖြင့် နှစ်သက်ကြောင်း ပြောသည်။
Aeon ကုမ္ပဏီ၏ ဖောက် သည်များသည် ၎င်းတို့ဆပ်ရမည့် ငွေကိုလစဉ်အတိုးနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၂ နှစ်အထိကာလ အပိုင်းအခြားဖြင့် ပြန်ဆပ်နိုင် သည်။ ယင်းကုမ္ပဏီ၏ ကိုယ်စား လှယ်က စတိုးဆိုင်များစွာသည် Aeon ကုမ္ပဏီ၏ဝန်ဆောင်မှုနှင့် တွဲဖက်ခဲ့ပြီးနောက် ရောင်းအား ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့ သည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လူတစ်ဦး ချင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး သည် ကန်ဒေါ်လာ ၁,၂၉၈ ရှိ သော်လည်း မြန်မာ၏ စက်ရုံများ နှင့် ဝန်ဆောင်မှု ကဏ္ဍ၏ ထုတ် လုပ်မှုရလဒ်သည် ဈေးနှုန်းပြောင်း လဲမှုများ ထည့်သွင်းတွက်ချက်ပြီး နောက်မှာပင် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိတိုးတက်လာသဖြင့်စိုက်ပျိုးရေးထက် ဝင်ငွေပိုမိုတည်ငြိမ်မှုရှိသော အလုပ်သမားဦးရေ တိုးပွားလာနေ သည်။
ကားဝယ်ရန် ချေးငွေဝန် ဆောင်မှုလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ မြန်မာ နိုင်ငံ၏ ကားအသစ်ဈေးကွက်၏ အကြီးမားဆုံးဝေစုကို ပိုင်ဆိုင် ထားသည့် ဂျပန်နိုင်ငံ၏ Suzuki Motor ကုမ္ပဏီသည် AYA ဘဏ် နှင့် လက်တွဲကာ ခုနစ်နှစ်သက် တမ်းချေးငွေများ ထုတ်ပေးနေ သည်။ ယခင်က မြန်မာနိုင်ငံတွင် ကားဝယ်ရန် ချေးငွေများသည် ငါးနှစ်သက်တမ်းသာရှိသည်။ ယခုနည်းလမ်းသစ်က ငွေချေးသူ များ၏ လစဉ်ပေးဆပ်ရမည့် ဝန် ထုပ်ဝန်ပိုးကို လျှော့ချရန် ကြိုးပမ်း မှု ဖြစ်သည်။
မကြာမီနှစ်များက ကားအ သစ်များ ရောင်းချမှု နှစ်ဆခန့်မြင့် တက်လာသည်။ ယင်းမှာကား ရောင်းသော ကုမ္ပဏီများနှင့်ဘဏ် က ထုတ်ပေးသော ချေးငွေများ ကျယ်ပြန့်လာမှုနှင့် တစ်စိတ်တစ် ပိုင်း သက်ဆိုင်နေသည်။ Suzuki ကားမဟုတ်သော ကားရောင်းသူ များသည် ကားဝယ်နိုင်ရေးချေးငွေ ပေးရန် ဘဏ်များနှင့် ပူးပေါင်း ထားခြင်းမရှိဟု သိရသည်။ယခင်ကမြန်မာနိုင်ငံ၏ကားဈေးကွက်ကို အသုံးပြုပြီးသား ကားများကသာ ကြီးစိုးခဲ့သည်။
အိမ်ဝယ်ရန် မြန်မာနိုင်ငံ သားများအနေဖြင့် ရွေးချယ်စရာ မရှိဘဲ ငွေသားကိုသာ သုံးစွဲကြရ သည်။ ယခုအခါဘဏ်ကြီးများက ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ပြန်ဆပ် ရမည့် အိမ်ဝယ်ရန် ချေးငွေများ ပေးနေပြီဖြစ်သည်။ အိမ်ဝယ်သူ များသည် ဝယ်ယူသော ငွေပမဏ ၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေး ချေရသည်။
ယခင်က မြန်မာနိုင်ငံတွင် ချေးငွေဖြင့် အိမ်ဝယ်သူများသည် တစ်နှစ်မှ သုံးနှစ်အတွင်း ပြန် ဆပ်ကြရသည်။ ယခုအခါ ချေး ငွေဈေးကွက်သည် မြန်မာနိုင်ငံ၌ စတင်ပျံ့နှံ့လာပြီး ဘဏ်များအနေ ဖြင့် ငွေချေးမည့်သူများကို အသေ အချာ စစ်ဆေးရန် လိုအပ်မည်ဖြစ် ကာ အလျင်အမြန် ဝင်ငွေတိုးရေး အလေးပေးလွန်း၍ ရမည်မဟုတ်ပေ။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ