By 7daydaily, Shweproperty.com
Updated at 14 February 2017
၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝအသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားရရှိမှုသည် ၃၇ ရာခိုင်နှုန်းသာရှိပြီး ရန်ကုန်တိုင်း ဒေသကြီးက အများဆုံးလျှပ်စစ် ဓာတ်အား အသုံးပြုနေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
၂၀၃၀ တွင် မြန်မာနိုင်ငံ တစ်နိုင်ငံ လုံးလျှပ်စစ်ဓာတ်အားရရှိရန် ရည်မှန်းထားပြီး ရင်းနှီး မြှုပ်နှံမှုငွေကြေး အမေရိကန်ဒေါ် လာ ဘီလီယံ ၄၀ လိုအပ်သည်ဟု ဖေဖော်ဝါရီ ၉ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောသည်။
ဓာတ်အားဖြန့်ဖြူးမှုအပိုင်း တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံလိုအပ်ပြီး ဓာတ် အားထုတ်လုပ်မှုအပိုင်း၊ ဓာတ် အား ပို့လွှတ်မှု အပိုင်းတို့တွင် လည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ် နေသည်ဟု အထက်ပါ သတင်း စာရှင်းလင်းပွဲမှ သိရသည်။
‘‘လျှပ်စစ်ကဏ္ဍမှာ အစိုးရ တစ်ဦးတည်း လုပ်နေလို့ မလွယ် ဘူး။ ပုဂ္ဂလိကကဏ္ဍကလည်း ပါ ဝင်လာဖို့ လိုအပ်နေတယ်’’ဟု ဦးမျိုးမြင့်က ပြောသည်။
လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိ က လုပ်ငန်းရှင်များ ပါဝင်လာနိုင် ရေး ပြည်ထောင်စုအစိုးရက ဖြေ လျှော့မှုများပြုလုပ်ရန် စီစဉ်နေ သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
လက်ရှိအစိုးရ၏ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရောင်းချပေးနေ ခြင်းသည် အရှုံးခံပြီး ဆောင်ရွက်နေရခြင်းကြောင့် ပုဂ္ဂလိကဏ္ဍက ပါဝင်ရန်မလွယ်ကူကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီနာယက ဦးမြတ်သင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အား သုံးစွဲမှုအများဆုံးသည် ရန်ကုန်တိုင်းဖြစ်ပြီး တစ်နိုင်ငံလုံး လက်ရှိ လျှပ်စစ်သုံးစွဲမှုပမာဏ၏ ထက်ဝက်ခန့်ရှိသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းကို အစိုးရက အရှုံးခံနေခြင်းသည် တစ်နိုင်ငံလုံး၏ ဘတ်ဂျက်ကို ရန်ကုန်တစ်ခုတည်းက သုံးစွဲနေ သကဲ့သို့ဖြစ်ပြီး မျှတမှုမရှိပေ။ ထို့ ကြောင့် လျှပ်စစ်ဓာတ်အားခများ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိစေရန် တစ်ယူနစ်သုံးစွဲမှုနှုန်း ထားများ မြှင့်တင်သင့်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောထား သည်။
ဒီချုပ်အစိုးရ ရေးဆွဲသည့် ဘတ်ဂျက်ဥပဒေကြမ်းတွင် လျှပ် စစ်ကဏ္ဍအတွက် ဘဏ္ဍာငွေခွဲ ဝေပေးမှု၌ ယခင် ဘဏ္ဍာနှစ်ထက် တိုးမြှင့်ချထားပေးသည်ကိုလည်း တွေ့ရသည်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရေးဆွဲခဲ့သည့် ဘတ်ဂျက်တွင် လျှပ်စစ်ကဏ္ဍအ တွက် (ဝန်ကြီးဌာနနှင့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း နှစ်ခု ပေါင်း) စုစုပေါင်းတစ်နိုင်ငံလုံး ဘတ်ဂျက်၏ ၁၁ ရာခိုင်နှုန်းခန့် သာရှိသော်လည်း လာမည့်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အ တွက် ရေးဆွဲထားသည့် ဘတ် ဂျက်ဥပဒေကြမ်းတွင် ၂၁ ရာခိုင် နှုန်းအထိ ပါဝင်လာသည်။
အစိုးရက လျှပ်စစ်ကဏ္ဍ တွင် ဘတ်ဂျက်တိုးမြှင့်ခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲ ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ် ငန်းများ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင် ရန် နိုင်ငံခြားသား စီးပွားရေးလုပ် ငန်းရှင်များအား ဖိတ်ခေါ်ရာတွင် လျှပ်စစ်မီးရရှိရန် အာမခံတောင်း ဆိုမှုက အများစုဖြစ်လာသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေးက ပြော ကြားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ