By Shwe Kyaw, Shweproperty.com
Updated at 17 May 2020
လျှပ်စစ်မီတာခနှုန်းထားနဲ့ ဝန်ဆောင်မှုနှုန်းထား လျှော့ချခွင့်ရှိသေးလား?
လျှပ်စစ်မီတာခနှုန်းထားကောက်ခံမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ကျယ်ကျယ်လောင်လောင်ကြားနေရပါပြီ။
ကိုဗစ်-၁၉ ကာလအတွင်းမှာ အစိုးရက လျှပ်စစ်မီတာခနှုန်းထားလျှော့ချပေးခဲ့ပေမယ့် ဘေဆောင်တဲ့အချိန်မှာ အငြင်းပွားမှုတွေ ကျယ်လောင်လာပါတယ်။
ကဲ မီတာခနှုန်းထားနဲ့ ဝန်ဆောင်မှု စရိတ်ကို ဥပဒေမှာ ဘယ်လို ပြဌာန်းထားလဲ?
လျှပ်စစ်မီတာခနှုန်းထားနဲ့ဝန်ဆောင်မှု စရိတ်နဲ့ ပတ်သက်ပြီး လျှပ်စစ် ဥပဒေ အခန်း (၁၀) ပုဒ်မ (၄၁) နဲ့ (၄၂) မှာ
၁။ လျှပ်စစ်မီတာခနှုန်းထားနဲ့ဝန်ဆောင်မှုနှုန်းထားကို ဒေသအလိုက်သင့်တော်တဲ့ နှုန်းထားများကို ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်နဲ့ သတ်မှတ်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်မီတာခနှုန်းထားနဲ့ ဝန်ဆောင်မှုတွေကိုလည်း အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
၂။ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွ့ဲများ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွေက ကိုယ့်ရဲ့ဒေသအတွင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒေသဆိုင်ရာ လျှပ်စစ်နှုန်းထားနဲ့ ဝန်ဆောင်မှုနှုန်းထားစရိတ်နဲ့ပတ်သက်ပြီး ဒေသအလိုက်သင့်တော်တဲ့ နှုန်းထားကို ဝန်ကြီးဌာနနဲ့ ညှိနှှိုင်းသတ်မှတ်ခွင့်ရှိတယ် လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ