By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 10 March 2020
ရန်ကုန်မြို့ရဲ့ မြစ်ကမ်းနံဘေးမှာ ရှုခင်းကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ Emerald Bay အိမ်ရာ စီမံကိန်း အရောင်းပြပွဲကြီးကို ပြီးခဲ့တဲ့ မတ်လ(၈)ရက်နေ့က ပရောဂျက်တည်ရှိရာနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“ ပြပွဲရက်အတွင်းမှာ ဝယ်ယူမယ့် Customer တွေကို (၁၀)ရာခိုင်နှုန်း လျော့ဈေး ပေးထားပါတယ်။ ပြီးတော့ ငွေပေးချေမှု ပုံစံကလည်း လစဉ်ပေးသွင်းစရာမလိုဘဲ ညှိနှိုင်း ငွေချေနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးပါတယ်။ Developer တိုက်ရိုက်ဝန်ဆောင်မှုပေးထားတဲ့ (၃)နှစ်ကနေ (၅)နှစ်ထိ နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ အကောင်းဆုံး ပရိုမိုးရှင်းတွေကို ကျွန်မတို့စီစဉ်ပေးထားပါတယ်” လို့ Shwe Property မှ Project Sales Manager ဒေါ်လှမြတ်ရတနာက ဆိုပါတယ်။
နိုင်ငံတကာအဆင့်မီ ကွန်ဒိုစတိုင်တည်ဆောက်ထားတာဖြစ်ပြီးတော့ အဆင့်မြင့်ပင်လယ်အော်တစ်ခု အသွင်ဖြစ်လာမယ့် Emerald Bay အိမ်ရာစီမံကိန်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း စတဲ့ မြစ် ချောင်း (၃)ခု ဆုံဆည်းရာ သာကေတမြို့နယ်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ အိမ်ရာတစ်ခုမှာ ပထမဦးဆုံး ဆိပ်ခံတံတားပါဝင်တဲ့ ကွန်ဒိုပရောဂျက်တစ်ခုဖြစ်ပြီး ကွန်ဒိုတစ်ခုနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှု အလုံးစုံ ထည့်သွင်း ပေးထားပါတယ်။
Emerald Bay အိမ်ရာပရောဂျက်ကို ဝယ်ယူထားတဲ့ Customer တွေအပြင် ပရောဂျက်ကို စိတ်ဝင်စားတဲ့သူတွေ အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Customer Appreciation Party ကိုလည်း မတ်လ (၇) ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ