By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 3 October 2019
သာကေတမြို့နယ် ၊ ရှုခင်းသာမြို့ပတ်လမ်းမှာ တည်ဆောက်နေတဲ့ Emerald Bay ကွန်ဒိုမီနီယံပရောဂျက်ရဲ့ သီတင်းကျွတ်အိမ်ရာအရောင်းပြပွဲကျင်းပမယ့်အကြောင်းနဲ့ စီမံကိန်းအတွင်း အပျော်စီးရွက်လှေဆိပ် တည်ဆောက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ သီတင်းကျွတ်အိမ်ရာအရောင်းပြပွဲမှာ ဝယ်ယူမယ့်သူများအတွက် အိမ်ရာဝန်ဆောင်မှု (၂)နှစ် အခမဲ့၊ ဝယ်ယူတဲ့အခန်းအမျိုးအစားအလိုက် ဒေါ်လာ (၁၅၀၀)မှ (၃၀၀၀) သို့မဟုတ် စင်္ကာပူနှင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ စရိတ်ငြိမ်းခရီးစဉ် စတဲ့ မေတ္တာလက်ဆောင်တွေ ရရှိမှာဖြစ်ပါတယ်။
Emerald Bay အပန်းဖြေဧရိယာနဲ့ ဆက်စပ်လျက် ပဲခူးမြစ်ကမ်းပါးပေါ်မှာ ဆိပ်ခံတံတားဖြင့် အပျော်စီး ရွက်လှေဆိပ်ဆောက်လုပ်မှာဖြစ်ပြီး၊ အပျော်တမ်းငါးမျှားထွက်ခြင်း၊ အပန်းဖြေပျော်ရွှင်ဖွယ် လှေပေါ်ပါတီပွဲတွေ ကျင်းပနိုင်ဖို့ ရည်ရွယ်တည်ဆောက်သွားမှာပါ။
အိမ်ရာစီမံကိန်းအတွင်း အဆင့်မြင့်ဈေးဝယ်စင်တာနဲ့ ဆိုင်ခန်းများ(စုစုပေါင်း စတုရန်းပေ သုံးသိန်းခန့်) နှင့် အဆင့်မြင့်ရေကူးကန် နှစ်ကန်ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ တိုက် (၅)လုံးပါ Phase 1 ကို (၂၀၂၀) ခုနှစ်မှာ အပြီးသတ်တည်ဆောက်သွားမယ်လို့ မျှော်မှန်းထားပြီး၊ ဈေးဝယ်စင်တာပါဝင်မယ့် Phase 2 ကိုတော့ နောက်ထပ်သုံးနှစ် ပရောဂျက်အနေနဲ့ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီထွန်း (ShweProperty.com)
Photo Credit : skyscrapercity
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ