By ငြိမ်းဇော်လင်း, Shweproperty.com
Updated at 28 April 2013
မန္တလေးမြို့တွင်အကောင်အထည် ဖော်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁ဝဝ အောက် ဈေးနှုန်း ဖြင့် ဝင်ငွေနည်းပြည်သူများကို အဓိ ကထား ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။
ထိုသို့တန်ဖိုးနည်းအိမ်ရာများက ိုကျပ်သိန်း ၁ဝဝအောက်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် နည်းပညာ ပိုင်းဆိုင်ရာများ၊ အဆောက်အအုံ ဒီဇိုင်းများဆိုင်ရာများနှင့်ပတ်သက်၍ ဧပြီ ၂၅ ရက်က မန္တလေးမြို့တော် ခန်းမတွင်ဆွေးနွေးပွဲကျင်းပခဲ့သည်။
ယင်းအိမ်ရာများကို မြေဧက၁၁၇ ဧကပေါ်ရှိ ၅၇ ဧကတွင် ဆောက်လုပ်မည်ဖြစ်ပြီး တစ်ခန်း လျှင် ၆ဝဝ စတုရန်းပေ ကျယ်ဝန်း မည်ဖြစ်ကြောင်း၊ ကျန်ဧကများတွင် ဈေး၊ကျောင်းစသည့်မြို့အင်္ဂါရပ်များ ကိုပါ ထည့်သွင်းအကောင်အထည် ဖော်မည်ဖြစ်ကြောင်း စည်ပင်သာယာ ရေးဝန်ကြီးဌာန အဆောက်အအုံနှင့်ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင်က ယင်းဆွေးနွေးပွဲ၌ ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများ ကို စည်ပင်သာယာရေးပိုင်ငွေဖြင့် ဆောက်လုပ်မည်ဖြစ်ကာလျှောက်ထား သော ကုမ္ပဏီ ၅ဝ ကျော်ရှိကြောင်း၊ တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ကနဦး သွင်းရမည်ဖြစ်ပြီး ကျန်၉ဝရာခိုင်နှုန်း မန္တလေးမြို့တွင်အကောင်အထည်ဖော်မည့ ်တန်ဖိုးနည်း အိမ်ရာများ ကျပ်သိန်း ၁ဝဝ အောက် ဈေးနှုန်းဖြင့် ဝင်ငွေနည်းပြည်သူများအား ဦးစားပေးရောင်းချမည် ကို နှစ်ရှည်ချေးငွေဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
''စည်ပင်သာယာရေးကတာဝန် ရှိသူတွေ ထိုင်းနိုင်ငံကိုသွားပြီး လေ့လာခဲ့ကြတယ်။ထိုင်းနိုင်ငံကအတိုင်းဆောက်မှာ။ ဒါပေမဲ့ ထိုင်းနိုင်ငံက အိမ်ရာတွေထက် ၅ဝ ရာခိုင်နှုန်း ပို ကျယ်မှာပါ။ ဒါကြောင့် သိန်း ၁ဝဝ ဝန်းကျင်ဖြစ်သွားတာ။ ထိုင်းနိုင်ငံက အကျယ်အဝန်းပဲဆိုရင်တော့ သိန်း ၇ဝ၊၈ဝနဲ့ရောင်းလို့ရတယ်။ ဒါပေမဲ့ လူကြီးတွေက ကျယ်ကျယ်ဝန်း ဝန်းနေလို့ရအောင်ဆိုပြီး ပိုကျယ်အောင်ဆောက်ဖို့ ညွှန်ကြားထား တာ။ ဒါကြောင့် တည်ဆောက်ပုံကို ပြောင်းလဲဆောက်မှသိန်း၁ဝဝအောက် ဈေးနှုန်းနဲ့ ရောင်းချနိုင်မယ်'' ဟု တန်ဖိုးနည်းအိမ်ရာများဆောက်လုပ် ရန်လျှောက်ထားသောရဲမွန်ဆောက် လုပ်ရေးမှ ကိုအောင်ကျော်ဆန်းက ပြောသည်။
တန်ဖိုးနည်း အိမ်ရာများကို ချမ်းမြသာစည်မြို့နယ် ယုဇနလမ်း နှင့် မန္တလေး-ပြင်ဦးလွင် ရထားသံ လမ်းကြား၊ ၄၄လမ်းနှင့်၄၈လမ်း အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းတန်ဖိုးနည်းအိမ်ရာများကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ