By The Mirror, Shweproperty.com
Updated at 24 August 2017
နေပြည်တော်ကောင်စီ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ ၄၃ လုံး ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝန်ထမ်းအိမ်ရာ ၄၃ လုံး ဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် (ဆောက်လုပ်ရေး၊ လျှပ်စစ်/စွမ်းအင်၊ စီမံဘဏ္ဍာ၊ စက်မှုကဏ္ဍများ တာဝန်ခံ) ဦးတင်ထွဋ်က အဖွင့်အမှာစကားပြောကြားပြီး တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးခင်မောင်အေးက တင်ဒါ ခေါ်ယူဆောင်ရွက်မှုအခြေအနေနှင့် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် ဝန်ထမ်းအိမ်ရာ ၄၃ လုံးဆောက်လုပ်ရေးတင်ဒါကော်မတီဝင်များ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များ၊ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက မိမိဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေနှင့်ပတ်သက်၍ ဖြည့်စွက် ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံရေးညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
ထို့နောက် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ၊ လမ်းဦးစီးဌာန၊ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ တာဝန်ခံ များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ က မိမိတို့ကဏ္ဍများအလိုက် ဘဏ္ဍာငွေလွှဲ ပြောင်းသုံးစွဲခြင်း၊ ဖြည့်စွက်ရန်ပုံငွေတင်ပြတောင်းခံခြင်းများနှင့် စပ်လျဉ်း၍ ဆောင် ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
Ref :The Mirror
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ