By The Voice Weekly, Shweproperty.com
Updated at 25 August 2017
ဝန်ထမ်းများကိုသာရောင်းချ၊ ငှားရမ်းပေးမည့် အငှားအိမ်ရာနှင့်အရောင်း အိမ်ရာစီမံကိန်းနှစ်ခုကို ရန်ကုန်မြို့၌ ပထမဆုံး စီမံကိန်းအဖြစ် ဩဂုတ်လတွင် စတင်အကောင်ထည်ဖော်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံဖြိုး ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice သို့ပြောကြားသည်။
အငှားအိမ်ရာနှင့် အရောင်းအိမ်ရာကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွှေလီလမ်းနှင့် ပဲခူးမြစ်ကမ်းနားလမ်းကြားရှိ မြေ ၁၈၃ ဧကပေါ်တွင်တည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာနထံမှ သိရသည်။
“ပရောဂျက်တစ်ခုကို တစ်နှစ် ခြောက်လ၊ ၂ နှစ်အတွင်းမှာပြီးစီးမှာ။ တည်ဆောက်မယ့်အခန်းအရေအတွက် မြေနေရာကျယ်ဝန်းပေါ်မှာ Populatoin Denisity တွက်ပြီးတော့ မြေတစ်ဧကပေါ်မှာ အိမ်ခန်းယူနစ် ၅၀ နှုန်းလောက် ဆောက်လေ့ရှိတယ်” ဟု ၎င်းက ပြောကြားသည်။
အိမ်ရာများကို အရောင်းအိမ်ရာနှင့် အငှားအိမ်ရာဟု နှစ်မျိုးခွဲခြားတည်ဆောက်မည်ဖြစ်ပြီး အဌားအိမ်ရာအတွက် ကုန်ကျငွေကို အစိုးရက စိုက်ထုတ်တည်ဆောက်ကာ အရောင်းအိမ်ရာကို ဘဏ်ချေးငွေဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ကတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
(ပထမဆုံးအသုတ်) ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျပ်ငါးဘီလီယံ ချထားပေးပြီး အိမ်ခန်းတစ်ယူနစ်ကို ကျပ်သိန်း ၁၀၀ နှင့်တွက်ပါက အိမ်ခန်း ယူနစ်ပေါင်း ငါးထောင်ခန့်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။
ရန်ကုန်တိုင်းတွင် အဌားအိမ်ရာ ငှားရမ်းခကို တစ်လသုံးသောင်းကျပ် သက်မှတ်ထားသော်လည်း ဒဂုံဆိပ်ကမ်းရှိ အငှားအိမ်ရာများကို ဝန်ထမ်းလစာအပေါ် မူတည်ပြီး အရာရှိဖြစ်လျှင် လစာ၏ ၅ ရာခိုင်နှုန်းနှင့် အမှုထမ်းဖြစ်ပါက လစာ၏ ၂ ရာခိုင်နှုန်း (ကျပ်တစ်သောင်းဝန်းကျင်) ငှားရမ်းခ ပေးရမည်ဖြစ်သည်။
အရောင်းအိမ်ရာများကို အငြိမ်းစားယူခါနီး ဝန်ထမ်းများကိုဦးစားပေးရောင်းချပေးမည်ဖြစ်ပြီး အငြိမ်းစားယူရန်ကျန်ရှိသောနှစ်ပေါ်မူတည်ကာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ချေးငွေဖြင့် အရစ်ကျရောင်းချပေးမည် ဖြစ်သည်။
ဝန်ထမ်းအိမ်ရာများကို ကျပ်သိန်း ၉၀ မှစတင်ပြီးရောင်းချရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) က တွဲဖက်အတွင်းရေးမှူး(၁) ဦးအေးလွင်က ပြောကြားသည်။
” PAE (တစ်ပေပတ်လည်) ၂၀,၀၀၀ ကျော်လောက်ဆောက်ပေးနိုင်တယ်လို့ အဆိုပြုထားတယ်” ဟု ၎င်းက ဆိုသည်။
အိမ်ရာများကို စတုရန်းပေ ၄၅၀ မှ ၆၅၀ ကြား တည်ဆောက်ရန် လျာထားပြီး အခန်းအကျယ်ဝန်းပေါ်မူတည်ကာ ကျပ်သိန်း ၉၀ မှ ကျပ်သိန်း ၁၃၀ ခန့်ဖြင့်ရောင်းချရန်စီစဉ်ထားသည်ဟု မြန်မာနိုင်ငံဆောင်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မြို့တော်အားလုံးတွင် ဝန်ထမ်းအငှားအိမ်ရာနှင့် အရောင်းအိမ်ရာများကို တည်ဆာက်ရန် စီစဉ်ထားပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွင်း ပထမဆုံးစီမံကိန်းအဖြစ် နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် တို့တွင် တည်ဆာက်မည်ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : The Voice Weekly
Photo Credit : mmbiztoday
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ