By Sint Sint, Shweproperty.com
Updated at 9 September 2020
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ပေ ၁၈၀ နဲ့အထက် တံတား ၄၃ စင်း နှင့် ပေ ၁၈၀ အောက် တံတား ၅၇ စင်း စုစုပေါင်းတံတားအစင်း ၁၀၀ တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနမှ သိရသည်။
တံတားဦးစီးဌာန မှ အင်ဂျင်နီယာချုပ် ဦးမောင်မောင် ညွန့် က "တံတားတွေ တည်ဆောက်တဲ့အခါ ကျောက်၊ သဲ၊ ဘိလပ်မြေ၊ သံချောင်းအစရှိတဲ့ တည်ဆောက်ရေးသုံးပစ္စည်းတွေ အရည်အသွေးပြည့်မီမှု ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး အသုံးပြုတည်ဆောက် လျက်ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာလည်း တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းကစပြီး အပေါ် ထည်ပိုင်းအထိ အဆင့်လိုက် အရည်အသွေး ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၈ ရက်တွင်ပြောသည်။
တံတားများ တည်ဆောက်ရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အပ်နှံရန်ပုံငွေတို့ကို အသုံးပြုကာ ဘဏ္ဍာနှစ်အလိုက် တံတားဦးစီးဌာနက တည်ဆောက်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တံတားဦးစီးဌာနသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် တည်ဆောက်ခဲ့သော တံတားများကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၇ ဒသမ ၅၇၁ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၈၃ ဒသမ ၉၈၄ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ထို့အတူ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၃ ဒသမ ၉၃၉ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေ ကျပ် ၉၅ ဒသမ ၈၆၀ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၅ ဒသမ ၇၈၇ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံ ငွေကျပ် ၂၄ ဒသမ ၇၅၇ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀၅ ဒသမ ၃၆၄ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၇၀ ဒသမ ၀၁၆ ဘီလီယံ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၂၁ ဒသမ ၇၄၆ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၅၅ ဒသမ ၃၈၆ ဘီလီယံ အသုံးပြု၍ တံတားများ တည်ဆောက်ခဲ့ကြောင်း သိရသည်။
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ