ရှေးဟောင်းတရုတ်ရိုးရာဖုန်းရွှေပညာကို အခြေခံလို့ အိမ်ဆောက်တဲ့အခါ သတိပြုရွေးချယ်သင့်သည့် အချက်တွေကို ဖော်ပြပေးလိုက်ပါသည်။ဦးစွာ မြေကွက်ရွေးချယ်ဖို့အတွက် ဖုန်းရွှေပညာအရ အကောင်းဆုံး အခြေခံအချက်(၄)ချက်မှာ-


(၁) မြေကွက်၏အရှေ့ဘက်ခြမ်းမြေသည် ကျယ်ပြန့်နေရမည်။


(၂) မြေကွက်၏ အနောက်ဘက်ခြမ်းမြေသည် မြင့်နေရမည်။


(၃) ‘နဂါး’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ဝဲဘက်ခြမ်း) တွင် ရေမြောင်းရှိရမည်။


(၄) ‘ကျား’ဘက်ခြမ်း ဟုခေါ်သော (လမ်းပေါ်မှကြည့်လိုက်လျှင် မြေကွက်၏လက်ယာဘက်ခြမ်း) တွင် လမ်းရှိရမည် စတဲ့ အင်္ဂါရပ်များနဲ့ ညီရမည်ဖြစ်သည်။





ဖော်ပြပါ အချက်များမှ အနည်းဆုံး ၂ ချက်လုံးပေါင်းပြီး ရရှိနိုင်သောမြေဖြစ်ပါက ထိုမြေနေရာတွင် နေထိုင်သူများအနေဖြင့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘတိုးလို့ အောင်မြင်ခြင်းနဲ့ အနာဂတ်တွင် သားစဉ်မြေးဆက် ကောင်းကျိုးချမ်းသာများပါ ခံစားရခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မည်ဖြစ်သည်။


နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်းဟုခေါ်ဆိုခြင်းမှာ တရုတ်လူမျိုးများ၏ ယုံကြည်မှုအရ နဂါးသည် ချမ်းသာကြွယ်ဝခြင်း နဲ့ သွက်လက်လှုပ်ရှားနိုင်ခြင်းတို့၏ မင်္ဂလာရှိသော သင်္ကေတဖြစ်ပြီး ကျားသည် ဒုက္ခပေးတတ်သော ရှောင်ရှား ကြောက်ရွံ့ရမည့် သတ္တဝါဟု သတ်မှတ်ထားကြရာမှ ဆင်းသက်လာသော အယူအဆဖြစ်သည်။ သို့ဖြစ်၍ အိမ်၏လက်ယာခြမ်းတွင် ကျားကိုထားပါက သူသည် မလှုပ်မရှားနိုင်ဖြစ်ကာ အိမ်သူအိမ်သားများကို ဒုက္ခမပေးနိုင်ဟု တွက်ချက်ကာ ထားရှိစေခြင်းလည်း ဖြစ်ပါသည်။


ဂိတ်ဝများ နဲ့ အုတ်တံတိုင်းများတည်ဆောက်ရာတွင် သတိပြုရမည့် အချက်များလည်း ရှိသည်။ အုတ်တံတိုင်း ဆိုသည်ကား အိမ်တွင်း၊ ခြံတွင်းမှ ကောင်းသောဓါတ်များကို အိမ်ပြင်မထွက်သွားစေရန် ကာရံထားသောအရာဟုလည်း တစ်နည်းယူဆ သတ်မှတ်နိုင်ပါသည်။ 


ထို့ကြောင့် အိမ်၏ ဂိတ်ဝရှေ့တည့်တည့်တွင် မြောင်းပေါက်ရှိနေပါက ကောင်းသော ဓါတ်များကို ထိုမြောင်းပေါက်က စုပ်ယူသွားနိုင်သောကြောင့် အိမ်ရှိလူများ ကံမကောင်းတတ်၊ အညံ့များကြုံရတတ်ပါသည်။





ဒါ့အပြင် နောက်ထပ်သတိထားရမယ့် အချက်တစ်ခုက ဂိတ်တံခါးဝရှိ တံခါးရွက်များ တစ်ခုနဲ့တစ်ခု အသေးအကြီး ညီနေစေရန်ပဲ ဖြစ်ပါသည်။ ဂိတ်တံခါးသည် အလယ်တွင်မြင့်ပြီး ဘေးနှစ်ဖက်မှာ နိမ့်နေရမည်ဖြစ်ကာ အတွင်းသို့ တွန်းဖွင့်သည့် ပုံစံ ဖြစ်နေရပါမယ်။ သို့မှသာ အိမ်ပိုင်ရှင်သည် လိုရာရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်သည်ဟု ယူဆကြသည်။

 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း


ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့


လက်ရှိ သင်နေထိုင်တဲ့အိမ်က စီးပွားတက်မည့်အိမ် ဟုတ်၊မဟုတ် ကြည့်မယ်


စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ


Posted By : Sint Sint (ShweProperty.com)