By Sint Sint, Shweproperty.com
Updated at 28 October 2020
ရန်ကုန်မြို့သစ်စီမံကိန်းသစ်တွင် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEA)၊ မြန်မာနိုင်ငံလိုင် စင်ရကန် ထရိုက်တာ များအသင်း ချုပ် (MLCA)နှင့် မြန်မာနိုင်ငံ မြို့ပြ နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ရှင်များအသင်း (MDA) တို့ ပူးပေါင်းထားသော Myanmar National Brotherhood အဖွဲ့အနေဖြင့် လည်း စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI )တင် ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က အဆိုပြုလွှာ(EOI)များခေါ်ယူခဲ့၍ အောက်တိုဘာလ (၂၂) ရက်နေ့၊ နောက် ဆုံးထား တင်သွင်းရန် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ စင်ကာပူ၊ ဂျပန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ် နိုင်ငံအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံရှိ ကုမ္ပဏီ/ အကျိုး တူ ပူးပေါင်းအဖွဲ့ (Consortium) ၁၆ ဖွဲ့တို့က စိတ်ပါဝင်စားကြောင်း EOI တင်ထားကြောင်း သိရပြီး အဆိုပါ EOI တင်ထားမှုတွင် မြန်မာနိုင်ငံရှိကုမ္ပဏီ (၂) ခုနှင့် အကျိုးတူ ပူးပေါင်းအဖွဲ့ (Consortium) (၂ ) ဖွဲ့တို့က EOI တင်ထား ခဲ့ကြောင်း၊ ယင်းပါဝင်မှုတွင် အဆိုပါ Myanmar National Brotherhood အဖွဲ့ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အတွက် ပြည်ထောင်စု အဆင့် ဖွဲ့စည်းထားသည့် Swiss Challenge တင်ဒါကော်မတီက စီမံကိန်းရင်းနှီး တည် ဆောက် သူကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ် ပြိုင်နိုင်စွမ်းရှိမှု တို့ဖြင့် အ လေးထားရွေးချယ်နိုင်ရန် ဂျာမနီနိုင်ငံအခြေစိုက် Roland Berger နိုင်ငံတကာ အကြံပေး အဖွဲ့ကို ရွေးချယ် လုပ်ငန်းအပ်နှံ ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့က EOI ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ကိုဗစ်ကာလကာလ ယခုကဲ့သို့ အချိန်တိုအတွင်း EOI ခေါ်ယူမှုအပေါ် အံ့သြမိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ် ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ မြို့တော် ကျွန် တော်တို့ နိုင်ငံရဲ့ စီးပွားရေးမြို့တော်မှာမှ ကျွန်တော်တို့ မြန်မာ တိုင်းရင်း သား လုပ်ငန်းရှင်တွေ ကနေပြီတော့ မြို့သစ် စီမံကိန်းကို မဆောင်ရွက်ရဖူးဆိုရင် ရင်နာစရာကောင်းတာပေါ့။ စီ၄လုံးက ဒါ Swiss Challenge ခေါ်ထားတယ် ဆို တော့ ။သူက အခွင့်အရေးက တပန်းသာ တယ်။နောက် EOIခေါ်ထားတာက လည်း ရရက်ထဲ ။ဒီလို ကိုဗစ်ကာ လ ကြီးမှာ ဒီလောက် ရက်တိုတိုနဲ့ ခေါ်တာ အံ့သြစရာကောင်းတယ်။သိန်း ၁ထောင် ကျော်ရင်တောင် တင်ဒါစည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံတော် သမ္မတရုံးရဲ့ ၁/၂၀၁၇ ကြေညာချက်အရ အနည်း ဆုံး ၁လ အချိန် ပေးကြေညာရ မယ်ပြောတယ်။အဲဒါကို ၇ ရက်ထဲနဲ့ တင်ဒါခေါ်ထားတာ အံ့သြစရာအင် မတန်ကောင်း တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဒီလုပ်ငန်းကို ရသင့်တယ်လို့ ထင်တယ်။ နောက်တ ခုက မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ကြီး ၃ခု စုပေါင်းပြီး တင်တာ ဖြစ် တဲ့အတွက် ကျွန်တော်တို့ အင်အားက မသေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ ပါဝင်နေတဲ့ ဒိတ်ဒိတ်ကြဲတွေ အကုန်နီးပါး ပါဝင်နေတဲ့ အသင်းအဖွဲ့ကြီးဖြစ်တဲ့အတွက် အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ဆောက်လုပ်ရေးအသင်း ၃သင်းစုပေါင်းကာ EOI တင်ထားသည့် Myanmar National Brotherhoodအဖွဲ့တွင် ဆောက်လုပ်ရေး ဝန်ထမ်းပေါင်း ၃ဝဝဝဝကျော်ရှိ နေသည့်အတွက် ယင်းအဖွဲ့သည်လည်း ဝန်ထမ်း ၃ဝဝဝဝ ကျော် ကိုယ်စားပြုသည့် အသင်းအဖွဲ့ဖြစ်ကြောင်း မြန် မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာ အသင်းမှ တွဲဘက်အ ထွေထွေ အတွင်းရေးမှူးဒေါ်နွေးနွေးဇော်ဝင်းက ပြောသည်။
နောက်ဆုံးရ သတင်းများ
စင်္ကာပူနိုင်ငံထက် (၂) ဆ ကျယ်ဝန်းမည့် ရန်ကုန် အနောက်ဘက်ကမ်း မြို့သစ် စီမံကိန်း စတင်တည်ဆောက်
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမအဆင့် (၉)နိုင်ငံမှ EOI များ လက်ခံရရှိ
ဟံသာဝတီ လေဆိပ်စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် (၈) သန်း ဝန်ဆောင်မှုပေးနိုင်မည်
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ