By kumudra, Shweproperty.com
Updated at 9 September 2014
အိမ်ခြံမြေဈေးကွက်က မြို့နယ်အများစုမှာ ဝါကျွတ်မှ ဈေးကွက်လှုပ်ရှားနိုင်ပေမယ့် ဒဂုံမြို့သစ့်မြို့နယ်တချို့မှာတော့ ဝါမကျွတ်ခင် ဈေးကွက်ပြန်လှုပ်ရှားနိုင်တယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
လက်ရှိမှာ ရောင်းရမလား၊ ထပ်ဝယ်ရမလား ဝေခွဲရခက်နေတဲ့ အခြေအနေနဲ့ အိမ်ခြံမြေဈေးကွက် ငြိမ်နေပါတယ်။
လမ်းမတော်မြို့နယ် အကျိုးဆောင် ဦးမျိုးချစ်က 'ဈေးကွက်က နေရာအများစုမှာ ငြိမ်နေတာပါ၊ အရောင်းအဝယ်ဖြစ်နေတဲ့ နေရာတွေရှိတယ်ဆိုတာက ပိုက်ဆံရှိသူတွေ ကိုင်လှုပ်နေတာကြောင့်ပါ၊ ငါးစာလိုက်ချပြီး ဈေးလှုပ်တယ်၊ (၁၀) ကွက်၊ (၁၅) ကွက်လောက အဝယ်ပြပြီး သူတို့က အကွက် (၅၀) လောက် ပြန်ထုတ်ရောင်းကြတယ်၊ တကယ်အဝယ်လိုက်နေတယ်ဆိုပြီး လုပ်တာ' လို့ ရှင်းပြတယ်။
မြေကွက်ကို တစ်ပိုင်တစ်နိုင် ဝင်ကစားတဲ့ သူတွေက ရှိတာလေးတွေ ရောင်းပစ်လိုက်ရင်ကောင်းမလား၊ ထပ်ဝယ်ရရင်ကောင်းမလား ဆိုပြီး ဝေခွဲရခက်နေကြတယ်။ ဒဂုံအရှေ့ပိုင်း၊ ဆိပ်ကမ်း၊ တောင်ဒဂုံဘက်မှာ မြေကွက်ဝယ်ထားသူ အရောင်းအဝယ် ဖြစ်နေကြတယ်။ ဒါပေမယ့် သိန်း ၁၀၀ ဝန်းကျင် အကွက်ပဲများကြတယ်။ အဲလို အရောင်းအဝယ်ဖြစ်အောင်လည်း ဝယ်ရောင်းတွေ ပါးစပ်ကနေ သိန်း ၁၀၀ ကျော်ပဲ ဘာမှမရှိဘူး၊ မြေဝယ်ထားတာ မမှားဘူးဆိုတာနဲ့ ဝယ်ရင်းထားကြတာတွေရှိတယ်။ တချို့တွေဆို သီတင်းမကျွတ်ခင် ဝယ်ထား၊ ဈေးထပ်တပ်မှာဆိုပြီး ဈေးကွက်လှုပ်နေတာတွေရှိတယ် လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ပြောပါတယ်။
မြို့တွင်းပိုင်းနဲ့ မြို့တွင်းဆက်စပ် မြို့နယ်တွေမှာတော့ အိမ်ခြံမြေဈေးကွက်က သိသိသာသာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ တချို့တွေက ကျဈေးနဲ့ ခေါ်ပြီး ဝယ်တဲ့သူတွေ ရှိတယ်။ တချို့က အမြတ်နည်းနည်း ရတာနဲ့ ပြန်ထုတ်ရောင်းကြတယ်။ စီမံကိန်းသတင်း ကြားတဲ့နေရာတွေမှာလည်း လုပ်ငန်းမဖြစ်သေးလို့ အရောင်းအဝယ် ငြိမ်နေပေမယ့် စီမံကိန်းစတာနဲ့ ဈေးခေါ် စောင့်နေတဲ့သူတွေ၊ အခြေအနေကြည့်နေတဲ့ သူတွေက ပိုများပါတယ်။
ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင် ဦးကျော်မျိုးက 'မြေဈေးကို ကျအောင်လုပ်မှ ပိုတက်သလို ဖြစ်နေတာ၊ အားလုံးက အခုရောင်းသင့်သလား၊ မရောင်းသင့်လား၊ ဝယ်ရမလား ချင့်ချိန်ပြီး အခြေအနေစောင့်နေကြတဲ့ ကာလဖြစ်နေတယ်၊ ဒဂုံအရှေ့ပိုင်းကိုတော့ အများစုက ဒီလထဲမှာပဲ ဈေးကွက် ပြန်ဖြစ်မယ်လို့ ထင်ကြေးပေးကြတယ်' လို့ ပြောပါတယ်။
အခွန်ပုံစံ ပြောင်းလဲသတ်မှတ်နေပေမယ့် မြေဈေးကတော့ အကျဘက်ထက် အတက်ဘက်ကို ဦးတည်နေတယ်လို့လည်း သိရပါတယ်။
စီမံကိန်းတွေရှိတဲ့ ဒဂုံမြို့သစ်မြို့နယ် တွေမှာတော့ အကွက်အလတ်တချို့ အရောင်းအဝယ်ဖြစ်နေပြီး ဝယ်သူနဲ့ ဗိုက်နာပြီး ပြန်ရောင်းတာမျိုးလောက်ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမဟုတ်ပဲ မြေနဲ့ နေချင်သူတွေအတွက် တက်နိုင်တဲ့ ငွေပမာဏနဲ့ ရနိုင်တဲ့နေရာအများစုကလည်း ဒဂုံမြို့သစ်မြို့နယ်တွေလောက်သာ့ဖြစ်နေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ